Gloria mundi 2019


Synopsis:
Gloria Mundi
Review
ငွေဆိုတာ ဒုတိယဘုရားသခင်ပါလား လို့ ဒီကားကိုကြည့်ရင်းနဲ့ ရေရွတ်မိတဲ့အထိပါပဲ။ မိမိရဲ့ ကလေးလေးဆိုတာ အိမ်တစ်အိမ်မှာ
ပိုက်ဆံရှိမှ ဆည်းလည်းသံလို့ သတ်မှတ်ကြပြီး ပိုက်ဆံမရှိတဲ့အခါ ဒီကလေးကို ဘယ်နားထားရမလဲမသိ မွေးမိတာတောင် မှားသလားလို့
ထင်စေပါတယ်။ ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ပိုက်ဆံကို မရမကရှာနေရတဲ့ ရှုထောင့်မတူတဲ့
မိသားစုတစ်စု အကြောင်းကို ရိုက်ပြထားတဲ့ကားလေးပါ။
ကလေးနာမည်က ဂလိုရီယာ တဲ့ ။ ဒါပေမဲ့လည်း သူတို့မိသားစုက ကံမကောင်းခဲ့ပါဘူး ။ ရိုးရိုးသားသား ကြိုးစားနေရင်းနဲ့ ကံမလိုက်လာ
တဲ့အခါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ပြသာနာတွေက တစ်ခုပြီးတစ်ခုတက်ပါလေတော့တယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့
ကာမအမှောင်သမားတွေကလည်း ရှိသေးတယ်။ ဘိုးဘိုး ဘွားဘွား ကလည်းမနေရဘူးပေါ့။ သားအချစ် မြေးအနှစ်မလား ။ နောက်ဆုံး
တော့ သူတို့မျှော်မှန်းထားတဲ့ ဘဝလေးတစ်ခုကို ရောက်မလား ဒါမှမဟုတ် ကျွန်တော်တို့
မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်လေမလား….
၁၈နှစ်အထက်လေးတွေ နည်းနည်းပါလို့သတိထားပေးနော်။ သိပ်တော့မရှည်ပါဘူး ရစ်ကြည့်လို့အဆင်ပြေပါတယ်။ ဒီကားကြည့်ပြီးတော့
ကိုယ်တွေကတော့ ငွေအင်အားပြည့်စုံမှပဲ ဆည်းလည်းသံလေးကို အိမ်ထဲခေါ်တော့မယ်လို့ တွေးမိတဲ့အထိပါပဲနော်…. ။ ။
Translated By : JoJo Va
Encoded By : Thit San Khant
Duration -1h 46min
Quality – 1080p and 720p
File Size – 1GB and 568
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။