Girl with a Pearl Earring (2003)
Discover the mystery behind the legend.

Synopsis:
CM ပရိတ်သတ်ကြီးအတွက် Scarlett Johansson ရဲ့ အရင်က ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
IMDB 6.9/10, Rt 73 % ရရှိထားတဲ့ Romance/Drama ကားလေးဖြစ်ပြီး မင်းသမီး Scarlett Johansson၊ မင်းသား Colin Firth (Kingsman: Secret Service/ Pride and Prejudice) နဲ့ မင်းသား Cillian Murphy (Peaky Blinders/ Oppenheimer) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
ဒက်ချ် ပန်းချီဆရာ Johannes Vermeer ရဲ့ နာမည်ကြီး လက်ရာတစ်ခုဖြစ်တဲ့ Girl with a Pearl Earring ဆိုတဲ့ပန်းချီကားကို အခြေခံပြီး ဖန်တီးထားတဲ့ Tracy Chevalier ရဲ့ နာမည်တူဝတ္တုကို ဒါရိုက်တာ Peter Webber က ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲဖြစ်ပြီး ဆုပေါင်း ၁၇ ဆု ရရှိခဲ့ကာ ဆန်ကာတင် ၄၆ ခု (အော်စကာဆု အပါအဝင်) ဝင်ခဲ့တာပါ။
၁၆၆၅ ခုနှစ်ဆီက ဟော်လန်နိုင်ငံရဲ့ ပန်းချီဆရာတစ်ယောက်အိမ်မှာ အစေခံအဖြစ်ရောက်လာတဲ့ ဂရိဒ်ဆိုတဲ့ ကောင်မလေးနဲ့ ပန်းချီပညာရှင် သူ သခင်ရဲ့ကြားက ဆက်ဆံရေးကို cinematography ကောင်းကောင်းနဲ့ တင်ဆက်ပြနိင်ခဲ့လို့ ဝေဖန်သူတွေရဲ့ ချီးကျူးမှုပေါင်းများစွာကိုလည်း ရရှိခဲ့တာပါ။
မူရင်းပန်းချီထဲက ကောင်မလေးက ပန်းချီဆရာရဲ့အိမ်က အစေခံကောင်မလေး ဟုတ်မဟုတ်ကိုတော့ ဘယ်သူကမှ အတည်ပြုနိုင်ခြင်းမရှိခဲ့သလို ဒီပန်းချီကားက ပန်းချီပညာရှင် Vermeer ရဲ့ နာမည်အကြီးဆုံးပန်းချီကားဖြစ်တယ်ဆိုတာကိုလည်း ဘယ်သူကမှ မငြင်းဆိုနိုင်ခဲ့ပါဘူး။
ဂရိဒ် (Scarlett Johansson)
တိမ်တွေမှာ အရောင်ရှိတယ်တဲ့။ အရင်ကတော့ သူမ သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် သခင်က ပြောလို့ သေချာခံစားပြီးကြည့်တော့မှ တကယ်ဟုတ်တာပဲ။ တိမ်တွေမှာ အရောင်တွေရှိနေပါတယ်။ အိမ်ရဲ့စားဝတ်နေရေးကြောင့် သူများအိမ်မှာ အစေခံလာလုပ်နေရပေမယ့် သခင့်ရဲ့ပန်းချီတွေက သူမကို အလုပ်လုပ်နေရတယ်လို့ မခံစားရစေခဲ့ပါဘူး။ အရေးကြုံရင်လည်း သခင်က သူမဘက်က ရပ်တည်ပေးတတ်သေးတယ်လေ။
ဗာမီရား (Colin Firth)
ပျင်းရိငြီးငွေ့ဖွယ် သူ့ဘဝထဲ သူမ ဝင်လာချိန်ကစပြီး သူ့ဘဝက အပြောင်းလဲကြီး ပြောင်းလဲသွားခဲ့ရတယ်။ အရောင်တွေကို နားလည်ပြီး အနုပညာကို ခံစားတတ်တဲ့ သူမက သူ့ရဲ့လက်ရာအမြောက်ဆုံးဖြစ်လာမယ့် ပန်းချီတစ်ချပ်ကို ဖန်တီးပေးခဲ့သူပေါ့။
ပီတာ (Cillian Murphy)
အသားစိမ်းတွေနဲ့ပဲ အချိန်ကုန်နေတဲ့ အသားသည်သူ့ဘဝထဲ “အသားကမလတ်ဘူး”လို့ ပြောပြီး သူမ ဝင်လာခဲ့တာပါ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ပင့်ကြည့်ပြီး သူမက ပြောတော့ သူတို့သားအဖ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး အကောင်းစားအသားကို ထုတ်ပေးလိုက်ကြရတယ်။ သူမ ဘယ်သွားတတ်လဲ၊ ဘာလုပ်တတ်လဲ လိုက်စုံစမ်းပြီး သူမအနားပဲ ရှိနေချင်မိတာ သူ့အမှားမဟုတ်ဘူးလေ။ သူမက လှတာကိုး။
ဇာတ်လမ်းကို spoil မိမှာစိုးလို့ သိပ်အများကြီး မညွှန်းတော့ပါဘူးနော်။ မတ်မတ်ရဲ့ ငယ်ရွယ်နုပျိုတဲ့ အလှလေးကို ခံစားရင်း နောက်ဆုံး ဘယ်လိုဇာတ်သိမ်းသွားမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောခံစားကြည့်လိုက်ကြပါဦးလို့။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)
File size…(2 GB)/(1 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:40:00
Genre…Biography, Drama, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Emily
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။