Girl vs. Monster (2012)
Face Your Fears

Synopsis:
စကိုင်လာလူးဝစ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးဟာ
အရွယ်နှင့်မမျှဘဲအကြောက်တရားကင်းမဲ့လှသူပါ
သူ့ရဲ့မိဘနှစ်ပါးက မကောင်းဆိုးဝါးများကိုဖမ်းဆီးသူများဖြစ်ကြပြီးတော့
သူ့ကိုတော့အဲ့အကြောင်းကိုလျှို့ဝှက်ထားပါတယ်
စကိုင်လာ့မိဘနှစ်ပါးဟာ သူ့သမီးကိုအရမ်းကိုပဲ အကာကွယ်လွန်ပြီးအကဲပိုတတ်ကြပါတယ်
ဒါပေမယ့် စကိုင်လာကတော့ ငယ်ရွယ်သူပီပီ အဲ့လိုအကာကွယ်လွန်ပြီး
စိုးရိမ်ပူပန်လွန်းတာကို လုံးဝမကြိုက်ပါဘူး…
သူ့မှာ သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အင်မတန်ကြောက်တတ်တဲ့ ဟင်နရီနဲ့
ဆီဒီဆိုတဲ့အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိပါတယ်…
သူဟာ နောက်တစ်နေ့ည ဟောလိုးဝင်းမှာကျင်းပမယ့်ပါတီပွဲမှာ
ရောခ့်ဂီတအဖွဲ့တစ်ဖွဲ့နဲ့အတူ သီချင်းတွဲဆိုဖို့အတွက်လဲစီစဉ်ထားပါတယ်
သူ့အနေနဲ့ဟောလိုးဝင်းညကိုပျော်ပျော်ကြီးဖြတ်သန်းမယ်လို့မျှော်လင့်ချက်အပြည့်နဲ့ပေါ့…
ဒါပေမယ့် အဲ့မျှော်လင့်ချက်တွေဟာ ဟောလိုးဝင်းညမှာ စကိုင်လာ့မိဘတွေ
သူ့ကိုအိမ်ထဲမှာပဲနေပြီး အပြင်မထွက်ရန် “Alarm” စနစ်ပါပေးထားပြီး
လူတစ်ယောက်ဖြင့်စောင့်ကြည့်ခိုင်းထားတဲ့အတွက် အကုန်ပျက်စီးကုန်ပါတော့တယ်…
ဒါပေမယ့် စကိုင်လာ့အနေနဲ့ လက်မလျှော့ပဲ သူ့ကို စောင့်ကြည့်နေသည့်လူမသိအောင်
အိမ်ထဲကနေခိုးထွက်ဖို့အတွက် အိမ်ရဲ့ပါ၀ါမီးခလုတ်ကိုပိတ်လိုက်ရာမှာတော့
သူ့မိဘတွေနှစ်ပေါင်းများစွာ ချုပ်ထားကြသည့် လူတွေရဲ့အကြောက်တရားကို
အင်အားအဖြစ်ဝါးမြိုစားသောက်ကြရတဲ့ မကောင်းဆိုးဝါးများဖြစ်ကြသည့်
ဒီရန်မာတာ၊ သီအိုဒိုးရှားနဲ့ စာခြောက်ရုပ်ဘော့တို့သုံးယောက်အပြင်
မကောင်းဆိုးဝါးမြောက်မြားစွာ လွတ်မြောက်သွားပါတော့တယ်…
စကိုင်လာ့ကိုစောင့်ကြည့်ခိုင်းထားတဲ့ သူ့မိဘများရဲ့သူငယ်ချင်းက
စကိုင်လာဟာ မျိုးဆက်(၅)ဆက်မြောက် မကောင်းဆိုးဝါးဖမ်းဆီးသည့်သူတစ်ယောက်ဖြစ်ပြီး
အခုလွတ်မြောက်သွားတဲ့ မကောင်းဆိုးဝါးတွေကို ပြန်ဖမ်းဆီးရမယ်လို့ပြောလိုက်တဲ့အခါမှာတော့
စကိုင်လာ့အနေနဲ့ သူ့သူငယ်ချင်းနှစ်ယောက်နဲ့အတူ မကောင်းဆိုးဝါးများကို
ပြန်လည်ဖမ်းဆီးရတော့မယ့်တာဝန်ရှိလာပါတယ်…
သူဘယ်လိုတွေများဆက်ရင်ဆိုင်မလဲဆိုတာတော့
ဒီကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါလို့…
ဒီကားလေးမှာ သူတို့သုံးယောက်ရဲ့စွန့်စားခန်းများအပြင်
လူတွေအနေနဲ့ အကြောက်တရားဆိုတဲ့အရာကို ဘယ်လိုအနိုင်ယူရမယ်ဆိုတာကိုပါ
ထည့်သွင်းပြသထားတဲ့အတွက်အရမ်းကိုပဲကြည့်လို့ကောင်းတဲ့
ရုပ်ရှင်ကားလေးဖြစ်မယ်ဆိုတာ သေချာပါတယ်
File Size : (760 MB) and (322 MB)
Quality : WedDL 720p
Running Time : 1hr 29 min
Format : Mp4
Genre : Action , Adventure ,Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by MiKi
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။