Ginger’s Tale (2020)


Synopsis:
CM ပရိသတ်ကြီးအတွက် ရုရှားanimation
ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
ဂျင်းဂျားဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်တည်းက
တိရစ္ဆာန်လေးတွေကိုလည်း အရမ်းချစ်တတ်ပြီး
ဒုက္ခရောက်နေတဲ့သူတွေကိုလည်း အရမ်းကူညီပေးတတ်တဲ့သူ…
ဒါပေမဲ့ ရှပ်ပြာရှပ်ပြာနိုင်လွန်းလို့ သူ့ကြောင့်မြို့ရဲ့
အထင်ကရရေပန်းကြီးပျက်စီးသွားရတဲ့အခါ
စေတနာကနေ ဝေဒနာဖြစ်ပြီး မြို့သူမြို့သားတွေရဲ့
ဝိုင်းအပြစ်တင်တာကိုခံရတဲ့ကောင်မလေး
ပေါ်တာဆိုတဲ့ အိုးဖုတ်သမားကောင်လေးကတော့
ဂျင်းဂျားနဲ့ငယ်ငယ်တည်းက ကစားဖော်ကစားဖက်…
ငွေရေးကြေးရေးမပြည့်စုံလို့ အကြွေးပတ်လည်ဝိုင်းနေပြီး
အိုးဖုတ်ကိရိယာကောင်းကောင်းမရှိလို့ အိုးကောင်းတွေလည်းမဖုတ်နိုင်…
သူ့အရွယ်တုန်းက သူ့အဘိုးဆို မြို့ရဲ့အထင်ကရရေပန်းကြီးကိုတောင်
ဆောက်ပေးနေနိုင်ပြီဆိုပြီး လူတကာက
ဝိုင်းလက်ညှိုးထိုးအထင်သေးခံရတဲ့ကောင်လေး
ဒီလိုနဲ့တစ်နေ့ ရွှေတွေငွေတွေထွက်တဲ့
ရတနာသိုက်မီးကျောက်တုံးကြီး
ပေါ်တာ့ဆီမမျှော်လင့်ဘဲရောက်လာတဲ့အခါ…
ငွေတွေ၊ အာဏာတွေက လူတွေကိုဘယ်လိုပြောင်းလဲသွားစေလဲ
ချစ်ခြင်းတရားနဲ့ အတောမသတ်နိုင်တဲ့လောဘတွေ
လွန်ဆွဲလာတဲ့အခါ ဘယ်အရာကအနိုင်ရမလဲဆိုတာကိုတော့
ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုပေးကြပါဦး
File Size – 952 mb
Quality – web-rip 1080p
Subtitle – burmese
Translator – MTA
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။