Channel Myanmar

Ginger Snaps (2000)

Not Rated 1h 48m DramaFantasyHorror

6.8
IMDB: 6.8/10 47K votes

, ,

10 wins & 9 nominations

Canada, United States

106678

Report error

Ginger Snaps (2000)

 

442

Horror ဆို ပေါကားတွေများတဲ့ထဲမှာမှ လုံးဝပေါကားမဟုတ်တဲ့ old but gold, teen horror လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဂျင်ဂျာနဲ့ ဘရစ်ဂျက်က သိပ်ချစ်တဲ့ ညီအစ်မနှစ်ယောက်ပေါ့။ ဂျင်ဂျာက ၁၆ နှစ် ဘရစ်ဂျက်ကတော့ ၁၅ နှစ်။ အသက်လေးကလည်း မတိမ်းမယိမ်း၊ အကျင့်စရိုက်လည်းတူတော့ ကျောင်းမှာဆိုလည်း နှစ်ယောက် တစ်ကမ္ဘာလို ဖြစ်နေတတ်ပြီး သူတို့နဲ့ မတည့်တဲ့သူတွေလည်း ပေါမှပေါပါပဲ။ နောက်ပြီး ခေါင်းမာပြီး rebellious ဖြစ်တဲ့ ဆယ်ကျော်သက်တို့ရဲ့ ထုံးစံအတိုင်း တစ်ခုခုဆို ခုတ်မယ် ထစ်မယ် ပါးပါးလှီးမယ်ပေါ့။

ဒီလိုနဲ့ တစ်ရက် ဘရစ်ဂျက်ကို အနိုင်ကျင့်တဲ့ ကျောင်းသူတစ်ဦးကို ကလဲ့စားချေမယ်ဆိုပြီး အိမ်က ခိုးအထွက်မှာ အကြီးမဖြစ်သူ ဂျင်ဂျာတစ်ယောက် အမည်မသိ သတ္တဝါတစ်ကောင် ကိုက်တာ ခံလိုက်ရပါတော့တယ်။ အဲဒီသတ္တဝါကလည်း သူတို့ရပ်ကွက်မှာ သောင်းကျန်းနေတာ ကြာပြီဖြစ်ပြီး အိမ်မွေးခွေးတိုင်းလိုလိုကို မရှုမလှ ကိုက်သတ်သွားတတ်တာ ခပ်စိတ်စိတ်ဖြစ်နေတာပါ။

ကိုက်ခံရပြီးနောက်ပိုင်း အသက်မသေခဲ့ပေမယ့် ဂျင်ဂျာတစ်ယောက် အရင်နဲ့ လုံးဝမတူပဲ ဆန့်ကျင်ဘက် ဖြစ်သွားခဲ့ပါတယ်။ အပြုအမူ၊ ဝတ်ပုံစားပုံ အကုန်လုံးပေါ့။

ဒါပေမဲ့ အဲဒါတွေက ကောင်းသောပြောင်းလဲခြင်း မဟုတ်တဲ့အခါ အငယ်မဖြစ်သူ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မကို ကယ်တင်နိုင်အောင် ကြိုးစားရတော့မှာပဲဖြစ်ပါတယ်။

ဘာတွေဆက်ဖြစ်မလဲကတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါ။

 

(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။)

 

File Size : 3.3GB, 925MB & 567MB
Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p
Format : mp4
Duration : 1hr & 48mins
Genre : Drama, Horror, Fantasy
Translated by May Myat
Encoded by Kinnov



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies