Giant Fish 3: Fish Monster of Han River ( 2023 )

Synopsis:
“အယူသည်းမှုကနေ ဖြစ်ပေါ်လာတဲ့ ကြောက်မက်ဖွယ်ရာ အကျိုးဆက်များ”
မြို့နဲ့ ဝေးလံခေါင်သီလှတဲ့ ကျေးရွာနယ်မြေလေးတွေမှာ
နတ်ဆရာမ ၊ စုန်း အစရှိတဲ့ အတတ်ပညာတွေ အယူသီးလေ့ရှိကြပါတယ် ။
ဟန့်ကျန်းဆိုတဲ့ ရွာငယ်လေးတစ်ရွာမှာ ကလေးမီးမဖွားနိုင်တဲ့
မိခင်တစ်ယောက်ကို မီးဖွားနိုင်စေဖို့အတွက် နတ်ဆရာမတစ်ဦးဟာ
အောက်လမ်းနည်းပညာ အတတ်တစ်ခုနဲ့ ပြုစားလုပ်ပေးခဲ့ပါတယ် ။
အဲ့ဒီကိစ္စဖြစ်ပျက်ပြီး ရှစ်နှစ်ကြာပြီးတဲ့နောက်မှာ ရွာငယ်လေးဆီဝယ်
ထူးဆန်းလှတဲ့ သေဆုံးမှုတွေ ထူးဆန်းလှတဲ့ အဖြစ်အပျက်တွေ
အဆက်မပြတ်ဆိုသလို ပေါ်လာခဲ့ပါတော့တယ် ။ အဲဒီအထဲကမှ
သော်ပေါင် ဆိုသူကလဲ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီး
သမီးငယ်လေးဖြစ်သူနဲ့ မြို့မှာသွားရောက်နေထိုင်ခဲ့ပါတယ် ။
တစ်နေ့မှာတော့ သော်ပေါင် တစ်ယောက် မြိူ့ကနေ ရွာငယ်လေးဆီကို တစ်ဖန်ပြန်လာခဲ့တဲ့အခါ…?
ထူးဆန်းလှတဲ့ အမျိုးသမီးတစ်ယောက်အကြောင်း သိရှိလိုက်ရပြီးတဲ့နောက်
ကြောက်မက်ဖွယ်ကောင်းလှတဲ့ နောက်ကွယ်က အမှန်တရားကို
ရှာဖွေဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ အမည်မဖော်နိုင်တဲ့
ထူးဆန်း ကြောက်မက်ဖွယ်ကောင်းတဲ့ ကိစ္စတွေထဲကမှ
အမှန်တရားကိုရှာဖွေပြီး ကဒ်ဆိုးဆိုက်နေတဲ့ ရွာငယ်လေးကို
ကယ်တင်နိုင်ပါ့မလားဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။
[Reviewed By Chit Mya Mya Hmwe]
Quality : WEB-DL 1080p , 480p
Format : mp4
Genres : Horror , Thriller
Runtime : 1h 20 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။