Ghost Stories (2019)
Your fears will find you.

Synopsis:
Ghost Stories (2019)
================
#Unicode
ဒီရုပ်ရှင်က ဘာနဲ့ တူလဲဆိုတော့
ထိုင်းမှာ နာမည်ကြီးတဲ့ 3AM လိုပဲ
3AM က သရဲပုံပြင်တွေကို ရုပ်ရှင်အဖြစ်
ရိုက်ပြီး အပိုင်းတိုလေးတွေ စုထားတဲ့ ရုပ်ရှင်ပါ
ထိုင်းရဲ့ 3AM က Jump Scare တွေ အရမ်းများတယ်
သေချာလေး မိတ်ကပ်ရော ကွန်ပြုတာ Effect ရော
သေချာလုပ်တဲ့ အပြင် ဇတ်လမ်းတွေက အတော်
စိတ်ဝင်စားစရာကောင်းပြီး ဇတ်ဝင်ခန်းတွေ ရဲ့
တီးလုံးသံတွေကြောင့် ပိုအသက်ဝင်တယ်…
အခု India က Ghost Stories ဆိုပြီး ရိုက်ချလာတယ်
IMDb ကတော့ 4 ပဲ ရှိတာက မကောင်းတဲ့ အငွေ့အသက်လေးလဲ
ရတာပေါ့…
ဒါပေမဲ့ တကယ်တမ်း ကြည့်လိုက်တဲ့ အခါ
တွေးစရာလေးတွေ ပေးတယ်
အရမ်းကြောက်ရလား ဆိုတော့လဲ မဟုတ်ပြန်ဘူး
သူက တွေးစရာတွေပဲ ပေးတယ်…
ဘယ်လိုမျိုးလဲ ဆိုတော့ သတိုးတေဇ ၀တ္တုဖတ်ရသလို
တကယ်မရှိတာတွေက တကယ်ရှိပြီး တကယ်ရှိတာတွေက
တကယ်မရှိတာမျိုးတွေ
တကယ်တမ်း India က ဒီထက် ပိုလုပ်နိုင်သေးတယ်
Jump Scare တွေ မပါတဲ့ ဟာမျိုးထဲက အကောင်းဆုံး
ပြောပါဆိုရင် The Haunting of Hill House ကိုပဲ ညွှန်းရမှာပဲ
အရမ်းနည်းပြီး တွေးတွေးပြီး ကြောက်ခိုင်းတာမျိုး…
ဒီ India ရုပ်ရှင်က တစ်ခုသာတာက ရုပ်ရှင်ကားတစ်ခုလုံးရဲ့
အသံပိုင်းဆိုင်ရာနဲ့ ဆက်တင်တွေပဲ….
ပေါကားလို့ လဲ ပြောချင်ပေမဲ့ ပေါကားဘက်လဲ မရောက်ဘူး
နိုင်ငံတကာမှာ Horror ရုပ်ရှင်တွေက IMDb Rating ကို
ကောင်းကောင်းကန်းကန်း ရတာ အင်မတန် ရှားတယ်
IMDb ကို သွားမကြည့်ပဲ အစအဆုံး ကြည့်လိုက်တာမှ
အချိန်တစ်ခု ပေးရကျိုး နပ်သွားမယ် ထင်တာပဲ
ပြောရရင်တော့ ပျင်းဖို့ မကောင်းသလို အရမ်းကြီး
ကြောက်ရတာမျိုး မရှိပေမဲ့ အသံနဲ့တော့ ကောင်းကောင်းကြီး
သင့်ကို ခြောက်လှန့်နိုင်မှာပါ
#Zawgyi
Ghost Stories (2019)
================
ရတာပေါ့…
တွေးစရာလေးတွေ ပေးတယ်
တကယ်မရှိတာမျိုးတွေ
(ဇာတ်ကားအညွှန်းကို ရေးသားပေးသူကတော့ Ko Thit San Khant ပဲဖြစ်ပါတယ်။)
Quality – 720p NF WEB-DL
Duration – 2 hrs 24 mins
Subtitle – Myanmar Hardsub
Format – Mp4
Genre : Horror, Thriller
Source : 720p.WEB-DL
Translator – Zaw Htoo
Encoder – San Win Maung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။