Exit print mode Print Data A+ A- Undo all

Gaslit by My Husband: The Morgan Metzer Story (2024)

Gaslit by My Husband: The Morgan Metzer Story (2024)Gaslit by My Husband: The Morgan Metzer Story (2024)

Synopsis:

 

ဒီတစ်ခါမှာတော့ CM ကနေ Thriller ရောထားတဲ့

442

အိမ်ထောင်ရေးကားလေးတစ်ကားကို ဘာသာပြန်

တင်ဆက်ပေးလိုက်ပါတယ် ။

ဇာတ်လမ်းအစကိုတော့ သားဦးလေးကို ဆုံးရှုံးလိုက်ရတဲ့

ရော့ဒ်နေးနဲ့ မော်ဂန်တို့ စုံတွဲနဲ့ အစပြုထားပါတယ် ။

ငယ်ချစ်ဦးတွေ ဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲဟာ သားဦးလေးဖြစ်တဲ့

ကယ်လ်ဗင်ကို ဆုံးရှုံးလိုက်ရပြီး လက်ရှိမှာတော့

အမြွှာလေး မွေးထားကြသူတွေပါ ။ ဒါပေမဲ့ သားတစ်ယောက်

ဆုံးရှုံးလိုက်ရတဲ့အချက်ကို မမေ့နိုင်သေးတဲ့ မော်ဂန်ဟာ

အပြုအမူတွေ ထူးဆန်းလာတယ် ၊ အကြမ်းဖက်တတ်

လာတယ်လို့ သူ့ယောကျ်ားဖြစ်တဲ့ ရော့ဒ်နေးက

ထောက်ပြလာခဲ့ပါတယ် ။ ဒီအခြေအနေမှာမှ ရော့ဒ်နေးက

အလုပ်ပြုတ်သွားခဲ့ပြီး မော်ဂန်က အိမ်ပြင်ထွက်

အလုပ်လုပ်ရတဲ့အခါမှာတော့ နှစ်ယောက်ကြားက

အက်ကြောင်းတွေက ပိုလို့တောင် ထင်ရှားလာပါတယ် ။

ဒီအချိန်မှာ ရေချိုးခန်းထဲက စတီးရွိုက်ဆေးတောင့်တွေ ၊

သူမသိလိုက်ဘဲ သုံးစွဲထားတဲ့ အကြွေးဝယ်ကဒ်

နောက်တစ်ခု စတဲ့ ယောကျ်ားဖြစ်သူရဲ့ မူမမှန်တဲ့

အချက်တွေကို မော်ဂန် တွေ့လိုက်ရပါတော့တယ် ။

သားဖြစ်သူကို ဆုံးရှုံးထားရလို့ ကုထုံးစကားဝိုင်းတွေ

သွား ၊ ဆေးတွေသောက်နေရတဲ့ မော်ဂန်နဲ့ မော်ဂန့်ကို

ရူးနေပါတယ်လို့ တစ်ဖက်သတ်အတင်းစွပ်စွဲနေတဲ့

ရော့ဒ်နေး သူတို့နှစ်ယောက်မှာ တကယ်တမ်းမှားနေတဲ့

သူက ဘယ်သူဖြစ်မလဲ ။

သူတို့ရဲ့ ရန်ပွဲဟာ စကားနဲ့တင်မဟုတ်ဘဲ လက်ပါ ပါလာတဲ့

အခါ ဒီအကြမ်းဖက်မှုတွေကနေ မော်ဂန် နောက်ဆုံး

လွတ်မြောက်နိုင်ပါ့မလား ဆိုတာကိုတော့ Gaslit By

My Husband ဆိုတဲ့ ရုပ်ရှင်ကားမှာ အတူတူ စောင့်ကြည့်လိုက်

ရအောင်နော် ။

 

File size…1.26GB / 537MB
Quality…WEB-DL 1080p 5.1CH / 720p
Format…mp4
Duration….1h 28m
Genre ….. Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Hazelle



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
4.963
Status
Released
ID IMDb.com
tt32245467
IMDB Rating
6.7
ID Themoviedb.org
1302733
TMDb Rating
7
TMDb votes
1