ဘာသာရေးအစွန်းရောက်မှုတွေ LGBT လူ့အဖွဲ့အစည်းနဲ့
ပတ်သတ်လို့လွဲမှားနေတဲ့အယူအဆတွေကိုမီးမောင်းထိုးပြ
ပေးသွားမဲ့ BL ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်ကားလေးရဲ့နာမည်ကတော့ Ganymede ဖြစ်ပြီး
သည်းထိပ်ရင်ဖိုဒရာမာပုံစံရိုက်ကူးပြသထားပါတယ်။
မိဘမှန်ရင်ကိုယ့်သားသမီးကိုသဘာ၀အတိုင်းပဲဖြစ်စေချင်ကြပေမဲ့
သဘာ၀နဲ့ဆန့်ကျင်တဲ့လိင်စိတ်တွေဖြစ်လာတဲ့အခါမှာလက်ခံ
ပေးကြတဲ့မိဘတွေရှိသလို ခါးခါးသီးသီးမုန်းတီးကြတဲ့မိဘတွေလည်း
ရှိပါတယ်။အပြင်လောကမှာလည်းတကယ်ဖြစ်နေတဲ့ဒီလိုအရှုပ်
အထွေးတွေကိုကျောင်းသားကောင်လေး ၂ ယောက်ရဲ့အချစ်
ဇာတ်လမ်းလေးနဲ့တင်ဆက်ပေးထားပါတယ်။
လီဖလက်ချာဆိုတဲ့ ကောင်လေးက မျိုးရိုးမြင့်တဲ့ ဖလက်ချာမိသားစုက
ဆင်းသက်လာတဲ့သူဖြစ်ပြီး သူ့ဘ၀မှာလွတ်လပ်မှုအရသာကို
မခံစားဖူးသလို မိဘတွေပြောတဲ့အတိုင်းတသဝေမတိမ်းနေခဲ့ရ
ပါတယ်။ဒါပေမယ့်သူ့မှာ လိင်တူချစ်ကြိုက်တဲ့စိတ်လေးအနည်းငယ်
ရှိနေတာကိုတော့ ကိုင်လ်ဆိုတဲ့ကောင်လေးနဲ့တွေ့မှ သူကိုယ်တိုင်
သိလာခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီမှာတင်လီရဲ့မိသားစုမှာ ပြဿနာအကြီးအကျယ်စဖြစ်ကြပြီး
လီကိုလမ်းမှန်ရောက်အောင်ပြန်တည့်ပေးဖို့အတွက်မိဘတွေက
ဘာသာရေးနဲ့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ဒါပေမယ့်သူတို့ရဲ့
ဘာသာရေးက တော်ရုံတန်ရုံမဟုတ်ပဲအစွန်းရောက်နေတဲ့အဆင့်
ဖြစ်နေတဲ့အခါမှာ လီနဲ့ကိုင်လ်တို့ရဲ့အချစ်အတွက် ဘယ်လိုအခက်အခဲ
တွေကိုကြုံတွေ့ရင်ဆိုင်သွားရမယ်ဆိုတာကြည့်ရှုရမဲ့ဇာတ်ကားလေးပဲ
ဖြစ်ပါတယ်။
File size…1.23GB / 638MB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….1h 37m
Genre ….. Drama , Thriller
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။