Gangster Squad
No Names. No Badges. No Mercy.

Synopsis:
Gangster Squad (2013)_____IMDb – 6.7/10
ဒုတိယကမ္ဘာစစ်ပြီးတော့
အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။
ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ်
အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။
လော့အိန်ဂျလိစ်မြို့မှာ
လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက လက်ဝှေ့လောက က လူ ၊ သူနာမည်က မစ်ကီ ကိုဟန် ။ သူက ငွေအင်အားကြီးတယ် ၊ လူအင်အားတောင့်တယ် ၊ ငွေနဲ့ အရာရှိတွေကို သူ့လက်ခုပ်ထဲ ထည့်ထားနိုင်တယ် ။ လော့အိန်ဂျလိစ့်မြို့ကို သူပိုင်တယ်လို့တောင် သူက ဆိုတယ် ။
သူငွေနဲ့ ချုပ်ကိုင်လို့မရတာက လော့အိန်ဂျလိစ် ရဲတပ်ဖွဲ့က ဂျွန်အိုမာရာ ..
တရားသူကြီးတွေ ရဲချုပ်တွေအထိ
လာဘ်ထိုးထားလို့ မစ်ကီကိုဟန်ကို သက်သေရှိရင်တောင် ဖမ်းမရခဲ့ပါဘူး ။ တစ်နေ့မှာ ရဲမှူးက ဂျွန်အိုမာရာကို ခေါ်တွေ့တယ် ။ ကိုဟန်ရဲ့ လုပ်ငန်းတွေကို တရားဥပဒေအပြင်က နှောင့်ယှက်ဖျက်ဆီးပစ်ဖို့ပေါ့ ။ တစ်ကယ့် ဂိုဏ်းစတားတစ်ယောက်ရဲ့ အသိုင်းဝိုင်းကြားမှာ သူ့ လုပ်ငန်းတွေကို သာမန်ရဲစုံထောက် တစ်ယောက်အနေနဲ့ လွယ်လွယ်တော့ ဖျက်ဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ။
ဒါပေမယ့် နာကျည်းစိတ်တွေပါလာရင်တော့ …
File Size : (801 MB)
Quality : Bluray 720p
Running Time : 1hr 53minutes
Format : Mp4
Genre : Action, Crime, Drama
Subtitle : Myanmar Subtitle (Hardsub)
Subtitle By Gurelia
Review By Wai Linn Kyaw
Encode By Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။