Full River Red ( 2023 ) Manjianghong


Synopsis:
IMDb Rating (6.5) / Rotten Tomatoes (100%)
Hero, House of the flying daggers လိုမျိုး
တရုတ်သိုင်း မာစတာပိစ်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ ကျန်းရိမိုရိုက်ကူးထားတဲ့
“Full River Red” ရုပ်ရှင်ကားဟာ ရုံတင်ကတည်းက နာမည်ကျော်ကြားလူကြိုက်များခဲ့ပြီး စံချိန်ပေါင်းများစွာရရှိခဲ့သလို
ရုံတင်ဝင်ငွေလည်း ၆၇၅.၅ မီလီယံ(USD) အထိရရှိခဲ့ပါတယ်။
ဇာတ်လမ်းကတော့ စုန့်မင်းဆက်ကာလ စစ်သူကြီးယွဲ့ဖေး ကွယ်လွန်ပြီးချိန်မှာ
နောက်ဆက်တွဲဖြစ်လာတာတွေကို စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ခမ်းခမ်းနားနားကို
ဇာတ်လမ်းတည်ဆောက်ထားတာပါပဲ။ သိုင်းကားပရိသတ်တွေကတော့
စစ်သူကြီးယွဲ့ဖေးနာမည်ကို စိမ်းမယ်မထင်ပါဘူး။ သူရဲကောင်းတို့ရဲ့ ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ လုကြတဲ့ ဝူမုစစ်ဗြူဟာကျမ်းဆိုတာဟာ စစ်သူကြီးယွဲ့ဖေးရေးခဲ့တယ်ဆိုတဲ့အကြောင်း အထပ်ထပ်ပါပါတယ်။
နောင်မှာ နဂါးနိုင်ဓားထဲကို မြှပ်နှံခံရတဲ့ စာအုပ်ပါပဲ။ ဒီသိုင်းဇာတ်လမ်းတွေက
စိတ်ကူးယဉ်ဖြစ်ပေမဲ့ စစ်သူကြီးယွဲ့ဖေးကတော့ တကယ်ရှိခဲ့ပါတယ်။
ယွဲ့ဖေးဟာ စုန့်နိုင်ငံနဲ့ ကျင်းနိုင်ငံ စစ်မက်ဖြစ်ပွားနေချိန်မှာ ကျင်းတွေဖိန့်ဖိန့်တုန်အောင်
ကြောက်ရတဲ့ စစ်သူကြီးပါပဲ။ ဒါပေမဲ့ အမတ်ချုပ်ကြီး ချင်ဟွေက
သစ္စာဖောက်လို့ စွပ်စွဲပြီး ကွက်မျက်ပစ်တာကို ခံခဲ့ရပါတယ်။ စစ်သူကြီးယွဲ့ဖေးဟာ
ကျောကုန်းမှာ သူ့ရဲ့မိခင်ကိုယ်တိုင်ထိုးပေးထားတဲ့ ဆေးမှင်ကြောင်ဖြစ်တဲ့
နိုင်ငံအပေါ်သစ္စာစောင့်ပါဆိုတဲ့ အတိုင်း တစ်သက်လုံးသစ္စာရှိခဲ့သူဖြစ်သလို
သူ့ရဲ့ ယွဲ့တပ်သားတွေကလည်း အဲဒီဆေးမှင်ကြောင်ကို လိုက်ထိုးနှံထားကြတဲ့
သစ္စာရှိတပ်သားတွေလည်းဖြစ်ပါတယ်။ တကယ်တော့ အမတ်ချုပ်ကြီး ချင်ဟွေကသာ
ကျင်းနိုင်ငံနဲ့ပူးပေါင်းတဲ့သစ္စာဖောက်လို့ ပြည်သူအားလုံးက စွပ်စွဲခဲ့ကြပါတယ်။
စစ်သူကြီးယွဲ့ဖေးကို မတရားစွပ်စွဲသတ်ဖြတ်ခဲ့တဲ့အမတ်ချုပ်ကြီးချင်ဟွေတို့အကြောင်း ရာဇဝင်အမှန်ကိုတော့ ဒီမှာ https://www.facebook.com/tianxiadiyi888888/ ဖတ်ရှုပေးကြပါ။စစ်သူကြီးယွဲ့ဖေးဆိုတာ ဘယ်လိုလူမျိုးဆိုတာနဲ့ သူ့ရဲ့နာမည်ကျော်ကဗျာ မန်ကျန်းဟုန်အကြောင်းကို ပိုမိုသိရှိရမှာပါ။ဒါမှလဲ ရုပ်ရှင်က ပိုမိုရုပ်လုံးကြွလာမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာတော့ ဒီသမိုင်းကြောင်းကို အခြေခံထားပြီး
လှည့်ကွက်တွေ ကြက်သီးဖြန်းဖြန်းထစရာတွေနဲ့ ကျင်းရီမူရဲ့ ထုံးစံအတိုင်း
မမေ့နိုင်စရာရုပ်ရှင်တစ်ခုအဖြစ် တင်ဆက်ထားတာပဲဖြစ်ပါတယ်။
အမတ်ချုပ်ကြီး ချင်ဟွေဟာ နယ်စပ်တပ်စခန်းမှာ ကျင်းသံတမန်တွေနဲ့တွေ့ဖို့
လာရောက်ချိန်မှာ ကျင်းသံအမတ်တစ်ယောက် လုပ်ကြံခံလိုက်ရပါတော့တယ်။
သူကွယ်လွန်သွားခဲ့တဲ့အပြင် သူယူလာတဲ့ စာလွှာလေးကလဲ ပျောက်ကွယ်လို့ သွားခဲ့ပါတယ် ။
ဒီလိုမျိုး အခြေအနေတွေ ကမောက်ကမ ဖြစ်နေစဥ်အတွင်းမှာပဲ တူဝရီး
တော်စပ်ကြတဲ့စစ်သည်တစ်ဦးနဲ့ တပ်မှူးချုပ်တစ်ဦးတို့ဟာ ဒီမတော်တဆမှုအတွင်း
တရားခံအဖြစ် ဆွဲသွင်းခြင်းခံလိုက်ရပါတော့တယ် ။ လျှို့ဝှက်ချက်တွေနဲ့
ပြည့်နှက်နေတဲ့ စာလွှာလေးတစ်ရွက်ကြောင့် လူတွေတစ်ယောက်ပြီးတစ်ယောက်သေဒဏ်ပေးခံရပါတယ် ။
ဒီလိုပြသနာတွေထဲကနေ တူဝရီးနှစ်ယောက်ဟာ အမှန်တရားနောက်ကို
လိုက်ပြီး အားလုံးအတွက် လက်စားချေဖို့ လုပ်ဆောင်လာခဲ့ကြတဲ့အခါမှာ –
❏ သူတို့တွေ အသက်နဲ့ရင်းပြီး ကာကွယ်နေခဲ့ကြတဲ့ လျှို့ဝှက်စာရွယ်ကလေးဟာ ဘာများဖြစ်နေမှာလဲ?
❏ ဒီလိုပဋိပက္ခတွေကရော ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ စစ်သူကြီးယွဲ့ဖေးနဲ့ ဘာများသက်ဆိုင်နေမှာလဲ ?
❏ ဒီပြဿနာတွေအကြားဆွဲသွင်းခြင်းခံရတဲ့ တူဝရီးနှစ်ယောက်ဟာရော မတော်တဆ
ဆွဲသွင်းခြင်းခံလိုက်ရတာလား ဒါမှမဟုတ် သူတို့နဲ့ရော
ဒီကိစ္စကဘာတွေပတ်သတ်မှုများ ရှိနေမှာလဲ ? ဆိုတာ…….။
ပါဝင်သရုပ်ဆောင်ထားကြတဲ့သူတွေအနေနဲ့ကတော့ –
❏ သူ့ရဲ့ဘဝမှာ လောင်းကစားလုပ် ပျော်ပါးရင်း သာမန်ပြည်သူဘဝမှာပဲ
ရှင်သန်နေထိုင်လာခဲ့ရင်းကနေ စစ်တပ်အတွင်းသို့ ဝင်ရောက်လာခဲ့သူ ၊
လောကမှာ သူ့ကိုယ်သူ အရေးမပါတဲ့ သူတစ်ယောက်အဖြစ် ခံယူထားလေသူ ၊
သေရမှာကို ကြောက်ရွံ့ပေမယ့် သူယုံကြည်ရာ ယုံကြည်ချက်ကိုတော့
စွဲစွဲမြဲမြဲ လက်ကိုင်ခံယူထားတတ်သူ သာမန်စစ်သည်တော် – ကျန်းတ အဖြစ် ရှန်ထန်
❏ ဘာမှနောက်ခံဆိုတာမရှိ ၊ အခြေခံအုတ်မြစ်ဆိုတာလဲမရှိပဲ တစ်ကိုယ်တည်း
ရပ်တည်နေနိုင်သူ ၊ မည်သည့်ကိစ္စမဆို စိတ်မြန်လက်မြန်ရှိပြီး
ဓားကိုထုတ်ဖို့ဝန်မလေးတတ်သူ ၊ အရေးကြုံလာရင် မဆုတ်မနစ်တဲ့
စွမ်းအားနဲ့ အဆုံးထိ တောင့်ခံကာနေတတ်သူ တပ်မှူးချုပ် – စွင်းကျွင်း အဖြစ် ရိယန်ချန်းရှီ တို့အပြင်
ကျန်းယိ ၊ လေကျားယင်း ၊ ယွဲ့ယွင်ဖုန် ၊ ဝမ်ကျားယီ အစရှိတဲ့
တကယ့်နာမည်ကြီး ဝါရင့်သရုပ်ဆောင်များကပါ သရုပ်ဆောင်ထားပါသေးတယ် ။
Quality : WEB-DL 4K HEVC , 1080p , 720p , 480p
Size : 5.5 Gb, 2.4 Gb, 900 Mb, 450 Mb
Format : mp4
Genres : History , Drama , Comedy
Runtime : 2h 39 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by Mr. Anderson and Chit Mya Mya Hmwe
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။