Exit print mode Print Data A+ A- Undo all

Full Metal Jacket (1987)

In Vietnam, the wind doesn't blow. It sucks.
Full Metal Jacket (1987)Full Metal Jacket (1987)

Synopsis:

442

Full metal Jacket ( 1987 )

IMDb Rating (8.3) / Rotten Tomatoes (90%)

အမေရိကန်ဒါရိုက်တာတွေထဲ အတော်ဆုံးဆိုတဲ့ ဒါရိုက်တာတွေ တော်တော်တော့များတယ်ပေမဲ့ စတန်လေကူးဘရစ်ကတော့ အဲဒီအတော်ဆုံးတွေရဲ့ အတော်ဆုံးထဲကမှ အတော်ဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ Genre ပေါင်းစုံရိုက်ခဲ့ပြီး ရိုက်ခဲ့သမျှလဲ သူ့Genreမှာသူ အနုပညာအရထိပ်ဆုံးက အောင်မြင်နေတဲ့ ရုပ်ရှင်တွေချည်းရိုက်ထားတဲ့သူပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဟောလိဝုဒ်နယူးဝေ့ရဲ့ အရေးပါတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့သလို ၂၀ရာစု ကမ္ဘာ့ရုပ်ရှင်ရဲ့ အရေးအပါဆုံး ရုပ်ရှင်တွေလည်းဖြစ်ခဲ့တယ်။ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံးရုပ်ရှင်လို့လည်း ပြောကြတဲ့ Citizen Kaneရဲ့ ပဲ့ကိုင်ရှင် အော်ဆန်ဝဲလ်က သူ့အောက်မျိုးဆက်မှာ ကူးဘရစ်ဟာ တော်တော်အထင်ကြီးစရာကောင်းတယ်လို့ ပြောခဲ့ဖူးတယ်။ စပီးဘာ့ချ်, စကောဆေးစိ,ကော်ပိုလာ,လူးကတ်စ်,ကလင့်အိစ်ဝုဒ်, ကင်မရွန်း,ဝူဒီအယ်လန်, တင်ဘာတန်, တာရတန်တီနို ,ဒေးဗစ်လင်း, ပေါလ်သောမတ်အန်ဒါဆန်, ဝက်စ်အန်ဒါဆန်, အာရွန်နော့စကီး, နိုလန်, ရစ်ချက်လင့်လိတ်တာ, မိုက်ကယ်မန်း, ဒယ်တိုရို, ဂျော့အေရိုမီရို ဆက်ရေးရင် အေဖိုးတစ်မျက်နှာပြည့်မှာမို့ ဒီနားပဲထားလိုက်တာပေါ့။ ဒီလူတွေဟာ လိုင်းပေါင်းစုံက ကိုယ်ပိုင်ဟန်အပြည့်နဲ့ ဒါရိုက်တာတွေပါ။ ရိုမီရိုဆို zombieရုပ်ရှင်တွေရဲ့ ဖခင်ကြီးပါပဲ။ ဒီလိုလူတွေက ကူးဘရစ်က သူတို့ရဲ့ inspirationဖြစ်စေတဲ့ ရင်းမြစ်လို့ ပြောခဲ့ပါတယ်။ ဟုတ်လည်းဟုတ်မှာပါ။ ကူးဘရစ်မရိုက်ဖူးတဲ့ ရုပ်ရှင်အမျိုးအစားကလည်း ခပ်ရှားရှားပါပဲ။ ပြောရရင် ကျွန်တော်တို့သိတဲ့ အမေရိကန်ဒါရိုက်တာတွေအားလုံးနီးပါးက ကူးဘရစ်ကို ချစ်တဲ့သူတွေ ကူးဘရစ်နဲ့ မကင်းတဲ့လူတွေချည်းပါပဲ။ IMDBက The Top 50 Greatest Directors of All Timeစာရင်းမှာလည်း ကူးဘရစ်က ထိပ်ဆုံးကနေရာယူထားပါတယ်။ ၂ကတော့ အကီရာကူရိုဆာဝါပါပဲ။ ဒါက ကူးဘရစ်ရဲ့ခမ်းနားမှုနဲ့ သူ့ကို တန်ဖိုးထားကြပုံကို ပြောရုံသက်သက်ပါပဲ။ ကိုယ့်ရင်ဘတ်နဲ့ ကိုယ်တိုင်းပြီး ကိုယ့်အကြိုက်ဆုံး ရုပ်ရှင်ကိုတော့ ဆုံးဖြတ်လို့ရပေမဲ့ အကောင်းဆုံးရုပ်ရှင်ကိုတော့ သွားဆုံးဖြတ်လို့မရသလိုပဲ ဘယ်ဒါရိုက်တာက ဘယ်ဒါရိုက်တာထက်ပိုတော်ပါတယ်လို့လည်း ကျွန်တော်တို့ သွားပြောလို့မရဘူး။ အနုပညာမြောက်နေတဲ့အနုပညာပစ္စည်းတွေကို တစ်ခုနဲ့တစ်ခု ဘာက ဘာထက်ပိုသာတယ်လို့ သွားပြောလို့မရသလိုပဲပေါ့။

Full metal Jacket ဟာ ကူးဘရစ်မသေခင် ရုံတင်ခဲ့တဲ့ကူးဘရစ်ရဲ့ နောက်ဆုံးကားဆိုလည်းဟုတ်တယ်။ သူရိုက်ခဲ့တဲ့နောက်ဆုံးကားကတော့ Eyes Wide Shut။ ဝေဖန်ရေးသမားတွေဆုံးဖြတ်ထားတဲ့ အကောင်းဆုံးစစ်ကားတွေစာရင်းထဲတော့ ထိပ်ဆုံးကားက ကူးဘရစ်ရဲ့ကားဖြစ်သလို Full metal Jacketကလည်း အဲဒီစာရင်းမှာ နံပါတ်၃နေရာကိုယူထားတယ်။ သူရိုက်ခဲ့တဲ့ နောက်စစ်ကား ၂ကားမှာ တစ်ကားကလည်း စစချင်းရိုက်ခဲ့တာပေမဲ့ အခြေအနေတစ်ခုမှာရှိနေသလို Dr. Strangelove ဆိုလည်း နောက်ထပ်မာစတာပိစ်တစ်ကားပါပဲ၊။ ဇာတ်ကတော့ အမေရိကန်တွေရဲ့ ပြဿနာတော်တော်ကြီးခဲ့တဲ့ ဗီယက်နမ်စစ်ပွဲအကြောင်းပဲ။ ဒါမဲ့ ကူးဘရစ်ရိုက်ပြပုံက သူများနဲ့တော့ နည်းနည်းထူးတယ်။ သူက ဗီယက်နမ်စစ်ပွဲကို အရင်မပြဘူး။ စစ်သင်တန်းဝင်တာကနေ အရင်စပြတယ်။ စစ်သင်တန်းမှာ ဘယ်လိုရက်စက်ခက်ထန်ပြီး ဘယ်လိုလူတွေဖြစ်လာအောင် ပုံသွင်းခံခဲ့ရလဲက အရင်ပြတယ်။ ဒါကလည်း နောက်လာမယ့် အခန်းတွေအတွက် တော်တော်လေးတာသွားတယ်။ ဒီလောက်ရက်စက်ခက်ထန်တတ်အောင်‌ လူကိုလူလို့မမှတ်ဘဲအုပ်ချုပ်ခဲ့တဲ့ သွေးခွဲအုပ်ချုပ်တဲ့အထိ လုပ်ခဲ့တဲ့ လေ့ကျင့်ရေးစခန်းကို ဖြတ်သန်းပြီးတဲ့ မရိန်းတပ်သားတွေရဲ့ပြောင်းလဲသွားပုံနဲ့ အဲဒီလိုပြောင်းလဲပေးပြီးတာတောင် ဗီယက်နမ်စစ်ပွဲကို လက်တွေ့ရင်ဆိုင်ရတဲ့အခါ ဆောက်တည်ရာမရဖြစ်သွားတဲ့ပုံစံတွေကို ယှဉ်ပြထားတယ်လို့တောင် ပြောရမယ်။ ဒီကားရဲ့တစ်ဝက်လောက်အထိကို စစ်သင်တန်းက ပေးတဲ့ထရော်မာတွေရဲ့ ရက်စက်ပုံကို ပြထားပြီးတဲ့နောက် ပိုဆိုးတာမရှိလောက်တော့ဘူးလို့ အားလုံးထင်နေတဲ့အချိန်မှာပဲ လောကကြီးက ပိုရက်စက်တတ်ကြောင်း ပြက်ရယ်ပြုသွားတဲ့ရုပ်ရှင်ပါပဲ။

ကူးဘရစ် ဗီယက်နမ်တိုက်ပွဲကို ပြတဲ့ပုံစံက ကော်ပိုလာတို့ အိုလီဗာစတုန်းတို့လို ခမ်းကြီးနားကြီးမဟုတ်ဘူး။ ယုတ်စွအဆုံး ဖောရပ်ဂန့်စ်ထဲကလောက်တောင် ကြီးကျယ်တဲ့ တိုက်ပွဲမဟုတ်နေဘူး။ သူ့ကိုကလည်း ဟိုးအောက်ဆုံးအဆင့်အထိ တမင်ခေါ်ပြီး သရော်ထားတာပါပဲ။ ကူးဘရစ်မှာ စစ်ပွဲကို သရော်တတ်တဲ့အကျင့်လေးတော့ ပါလာပုံရတယ်။ ကူးဘရစ်ရဲ့တင်ဆက်ပုံဟာ ဇာတ်က ဘာမှမရှိဘူးလို့ထင်ရတယ်။ ဘာမှအရေးမပါလှတဲ့ အကြောင်းအရာလို့လည်းထင်ရတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီဘာမှမရှိတဲ့ဇာတ်ကိုက ခင်ဗျားခေါင်းထဲ စွဲသွားမယ့်ဇာတ်ဖြစ်သွားပြီး ဘာမှအရေးမပါတဲ့အကြောင်းအရာကိုက ဗီယက်နမ်စစ်ပွဲနဲ့စစ်သားတွေရဲ့အခြေအနေတွေအားလုံးကို ကိုယ်စားပြုနေတယ်။ ဒါတော့ ကူးဘရစ်အတွက် မဆန်းလှတော့ပါဘူး။ The Shiningလို ဟော်ရာကားမျိုးကို သူရိုက်ခဲ့တာကိုပဲ ကြည့်ပေါ့။ ကူးဘရစ်ရဲ့ Full Metal Jacketဟာ စစ်ကားတစ်ကားဆိုတာထက် စစ်ပွဲထဲက လူတွေအကြောင်းလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒီရုပ်ရှင်မှာ စုတ်ပြတ်သတ်နေတဲ့ လောကကြီးတစ်ခုရှိတယ်။ အဲဒီလောကကြီးမှာ ရှင်နေကြတဲ့လူတွေရှိတယ်။ အဲဒီလူတွေထဲ ကိုယ့်ကိုယ်ကိုယ်လိမ်လိုက်ပြီး အဲဒီလောကကြီးကို ရင်ဆိုင်နိုင်ခဲ့ကြသူတွေရှိတယ်။ အဲဒီလောကကြီးကို ရင်မဆိုင်နိုင်တော့တဲ့သူတွေလည်းရှိတယ်။ အဲဒီလောကကြီးကတော့ ဘာမှမပြောင်းလဲသွားပေမဲ့ တပ်သားဂျိုကာရဲ့အဆုံးပိတ်စကားလိုပဲ အဲဒီလောကကြီးကို ရင်ဆိုင်နိုင်သွားတဲ့လူတွေကတော့ အသက်နဲ့ကိုယ် အိုးစားမကွဲသွားတာကိုပဲ ကျေးဇူးတင်ရင်း ဘာကိုမှမကြောက်တတ်ကြတော့ဘူး။

(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

 

File size…(15 GB)/(3.5 GB )/(2.1 GB)
Quality….BluRay 4K HEVC/ 1080p HEVC/ 720p
Format…mkv/mp4
Duration….01:56:33
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by WiRa Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $30 000 000,00
Revenue
USD $46 357 676,00
Popularity
53.829
Status
Released
ID IMDb.com
tt0093058
IMDB Rating
8.3
ID Themoviedb.org
600
TMDb Rating
8.132
TMDb votes
10171