Fruitvale Station(2013)
Every step brings you closer to the edge

Synopsis:
Creed နဲ့ Black panther တွေမှာ နာမည်ကြီးစတားဖြစ်လာတဲ့ Michael B. Jordan ကိုလူတွေ (လူမည်းအများစု)သိပြီး နာမည်ကြီးလာစေမယ့် ဖြစ်ရပ်မှန်ဇာတ်ကားလေးပါ။
၂၀၀၈ ခုနှစ်က Fruitvale ဘူတာမှာဖြစ်ခဲ့တဲ့လူမည်းကောင်လေးကို ရဲကပစ်သတ်မိတဲ့ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
အော်စကာ ဟာအရင်ကဆေးခြောက်ရောင်းတဲ့သူပေမယ့် ထောင်ကျပြီးနောက် သမီးလေးလဲရှိတော့ လိမ္မာတော့မယ် ဆုံးဖြတ်ပြီးကာမှ အလုပ်ပြုတ်ပြီး ဇနီးဖြစ်သူရဲ့ ငြိုငြင်ခံနေရပါတယ်။ ဒီလိုနဲ့ နှစ်ကူးညမှာမီးပန်းကြည့်ဖို့ မြို့ထဲကိုရထားစီးပြီးသွားကြရာမှာတော့ အဖြစ်ဆိုးနဲ့ကြုံရပါတော့တယ်။
သာမန်ရန်ပွဲလေးတခုကို လာဖြေရှင်းကြတဲ့ ရဲကစိတ်တိုပြီး ပစ်သတ်လိုက်ပေမဲ့
တရားရုံးမှာ အမှုရင်ဆိုင်ရာမှာတော့ လျှော့တိုက်သေနတ်နဲ့ သေနတ်အစစ်မှားပစ်မိတာဖြစ်ကြောင်းလျှောက်တင်ပြီး ထောင်၂နှစ်သာကျခဲ့လို့ ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့အမှုတခုပါ။ ဖြစ်ရပ်မှန်မှုခင်းတွေကို စိတ်ဝင်စားတဲ့သူတွေ အတွက်ကြည့်သင့်တဲ့ကားလေးပါ။
File size…2.65GB / 614MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 25m
Genre ….. Biography , Crime , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Chit Min Thu
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။