Freedom Writers (2007)
Their story. Their world. Their future.

Synopsis:
စီအမ် ပရိတ်သတ်ကြီးအတွက်
ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားကလည်း တကယ့်ဖြစ်ရပ်မှန်
အပေါ်ဇာတ်အိမ်ဖွဲ့ပြီးရိုက်ထားတဲ့ ကားပါ ပြီးရင်
ပညာရေးလောကသားတွေ အနေနဲ့
လုံးဝကြည့်ဖူးသင့်တဲ့ဇာတ်ကား ကောင်းတစ်ကားပါပဲ အကျဉ်းပြောရရင်
ကယ်လီဖိုးနီးယားပြည်နယ် Long Beach မှာ
Mrs. Gruwellတို့ ဇနီးမောင်နှံက
ပျော်ပျော်နေကြတဲ့ မောင်နှံ ၂ ဦးပါ
အဲ့ဒီမှာ Mrs Gruwell က
လူငယ်ထိန်းသိမ်းရေးကျောင်းက ကလေးတွေနဲ့
အပြင်ကျောင်းသားတွေနဲ့ ပူးပေါင်းသင်ကြားရေး
ပရိုဂရမ်ကို အကောင်အထည်ဖော်နေတဲ့
ဝီလ်ဆင် ကျောင်းကို ဆရာမ သွားလျှောက်ပါတယ်
အဲ့ဒီ့မှာ ဖြစ်နေကျအတိုင်းပေါ့ဗျာ
စီနီယာ ဆရာ/မတွေက အထင်သေးတာပေါ့
ခုမှ ဆရာမ စလုပ်ရမယ့်သူ ပုလဲဆွဲကြိုးတွေက
ဆွဲထားသေးတယ် ဒါပေမယ့် ပုံမှန်ပဲ ဆက်ဆံပါတယ်
သူတို့က လူငယ်ပြုပြင်ရေးကျောင်းက ကလေးတွေရှိနေတဲ့
အတန်းကို အလေးမထားဘဲ လျစ်လျူရှုနေတာကို
အဲ့ဒီ့ကတည်းက စတွေ့ရမှာပါ ဒီကောင်တွေက
ပြသနာကောင်တွေ သူတို့ရောက်လာလို့ ငါတို့ကျောင်း
အဆင့်ကျသွားတာ သူတို့ ကျောင်းမလာလည်း နားအေးတာပဲဆိုတဲ့
ဆရာမျိုးတွေပါ ဒါပေမယ့် Gruwellကတော့
ဒီပူးပေါင်းသင်ကြားရေးပရိုဂရမ်ကြောင့်ပဲ
ဝီလ်ဆင်ကျောင်းကို လျှောက်ခဲ့တာလို့ ပြောခဲ့ပါတယ်
အဲ့ဒီ့မှာ ပြောတဲ့စကားလေးကို အရမ်းသဘောကျတယ်ဗျ
” ကျမ က အရင်တုန်းက ရှေ့နေတစ်ယောက်ဖြစ်ချင်တာ
ဥပဒေပညာကို စိတ်ဝင်စားတယ် ကလေးသူငယ်တွေအတွက်
ကျမ တိုးတက်အောင်လုပ်ပေးမယ် ကာကွယ် ခုခံပေးမယ် လို့
ကျမ တွေးခဲ့တာ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ဘုရားရေ
ကလေးတစ်ယောက်က တရားခွင်မှာ ရောက်နေမှ ကျမ
ကကာကွယ်ပေးမယ်ဆိုရင် သူ့အတွက်ကို အခွင့်အရေးက
ဆုံးရှုံးနေပြီလေ ကျမ တကယ်ကာကွယ်ပေးချင်ရင်
စာသင်ခန်းထဲကနေစပြီး သူတို့အတွက် ပြုပြင်ပြောင်းလဲပေးရမယ်”
ဒါကြောင့် သူက ဝီလ်ဆင်ကို လာအလုပ်လျှောက်ခဲ့တာပါ
ဒါပေမယ့် အတွေ့အကြုံမရှိသေးတဲ့အတွက်
Gruwell ပထမဆုံးဦးဆုံးသင်ရတဲ့ စာသင်ချိန်မှာ
ကလေးတွေဟာ ဘယ်လိုရိုင်းမှန်း ကိုင်တွယ်ရခက်မှန်း သိခဲ့ရပါတယ်
ပထမဆုံးအချိန်မှာ ရန်ဖြစ်လို့ လုံခြုံရေးခေါ်ပြီး ဖြန်ဖြေရတဲ့အထိပါပဲ
ဒီကလေးတွေက မူးယစ်ဆေးသုံးစွဲသူတွေနဲ့အဆက်အသွယ်ရှိ
လူဆိုးဂိုဏ်းဝင်ထားတဲ့သူတွေလည်းဖြစ်
ငယ်ငယ်ကကြုံခဲ့ရတဲ့ မတရားမှုတွေကြောင့်ဖိနှပ်ခံရမှုတွေကြောင့်
လူဖြူတွေကို အရမ်းမုန်းတီးနေကြပါတယ်
ဒီအခန်းထဲကကလေးအများစုက လူမဲတွေဖြစ်ပြီး
ငယ်ငယ်က စိတ်ဒဏ်ရာပေါင်းများစွာနဲ့
လူငယ်ပြုပြင်ထိန်းသိမ်းရေးကျောင်းရောက်ခဲ့ရတဲ့သူတွေပါ
လူဖြူကောင်လေး တစ်ယောက်ပဲပါပြီး သူ့အတွက်လည်း
ကျီးလန့်စာစားသလို နေနေရတာမျိုးပါ
အဲ့ဒီ့လို အမုန်းတရားတွေနဲ့ ပြည့်နေတဲ့
ဆိုးမိုက်လွန်းတဲ့ လူမဲ ကျောင်းသားလေးတွေကို
လူဖြူ ဆရာမ တစ်ယောက်က လိမ္မာရေးခြားရှိလာအောင်
အမှန်အမှားခွဲခြားတတ်လာအောင်
ဘယ်လိုများ သင်ကြားပေးနိုင်မလဲဆိုတာကို
ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒီလိုမျိုးတွေက
မြန်မာပြည်မှာလည်းရှိပါတယ် တိုင်းရင်းသားဒေသဘက်တွေမှာ
ဗမာတွေရဲ့ကြီးနိုင်ငယ်ညှင်းပြုမှုခံရတာတွေကြောင့်
ဗမာဆိုရင်ကို မုန်းနေတာတွေရှိပါတယ် ကချင်ဒေသဘက်မှာ
ဗမာဆရာဆိုရင်ကို လက်မခံတဲ့နေရာတွေမျိုးထိရှိပါတယ်
တခြားတိုင်းရင်းသားဒေသဘက်တွေမှာလည်း
ရှိနေတုန်းပါပဲ သူတို့ကို အပြစ်ပြောလို့မရဘူးဗျ
တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုနေထိုင်ရလဲ
သူတို့လူမျိုးတွေအပေါ် ဗမာတွေ ဘယ်လိုလူလည်ကျခဲ့လဲဆိုတာ
ဖိနှိပ်ခံခဲ့ရသလဲဆို ခင်ဗျားတို့ မခံရဖူးတော့ ကိုယ်ချင်း မစာနိုင်ဘူး
ဒါကြောင့် သူတို့ကို အပြစ်တင်နေလို့မရပါဘူး
ပြီးတော့ ဘာသာစကားအခက်အခဲကြောင့်ကလည်း
တော်တော်ပြဿနာတက်ပါတယ် ဒါကလူမျိုးရေးအနေနဲ့
ပြသနာတက်တာမျိုးတွေပါ
နောက်တစ်ခု ဘာသာတရားနဲ့ ပြည်မဘက်က ဆရာ/မတွေဟာ
ဘာသာရေးနဲ့ပတ်သက်ရင် တော်တော်လေး
တယူသန်နေတာမျိုးရှိတယ်ဗျ စာသင်နေတဲ့အချိန်မှာ
ဘာသာရေးကြောင်းတွေထည့်သင်ပြီး ဘာသာခြားကလေး တွေကို
နှိပ်ကွပ်တာမျိုးတွေရှိပါတယ် လုံးဝမလုပ်သင့်တာတွေပါပဲ
ကျနော်တို့ ဆရာ/မ တွေအနေနဲ့ အမြင်မတူ ယုံကြည်ချက်မတူ
လူမျိုးမတူတဲ့ ကလေးတွေကို ကျနော်တို့ကို ရန်သူလို့
သတ်မျတ်နေတဲ့ ကလေးတွေကို ဘယ်လိုလုပ် အမှန်တရားကို
လက်ခံလာအောင် သင်ကြားပေးနိုင်မလဲ ဘယ်လိုမျိုး
ကြိုးစားပေးနိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်
အဲ့ဒီလိုလုပ်ဖို့ သူ ကျောင်းစာကြည့်တိုက်ထဲကစာအုပ်တွေ
ကလေးတွေကို ဖတ်ခိုင်းဖို့ကြိုးစားတဲ့အခါ
ကျောင်းက ဘုတ်အဖွဲ့ဝင် ဆရာ/မတွေက လက်မခံပါဘူး
ငါတို့ငှားလိုက်ရင် စာအုပ်တွေ ပြန်မရတော့ဘဲနေမှာ
သူတို့က ဖျက်ဆီးပစ်မှာ မငှားနိုင်ဘူးလို့ ပြောပါတယ်
ပြီးရင် ကလေးတွေပညာရေးအတွက် သူက
တိုးတက်အောင်လုပ်ပေမယ့်လို့ သူတို့အပေါ် ကျောတယ်ဆိုပြီး
ဘုတ်အဖွဲ့က ဆရာ/မတွေကလည်း သူ့ကို
စကားမပြောနိုင်တဲ့အထိအောင် ဖြစ်သွားကြပါတယ်
အဲ့ဒီ့လိုအခက်အခဲတွေကြားက ကလေးတွေကို
ဘယ်လိုများသင်ကြားပေးနိုင်အုံးမှာလဲဗျာ
စဉ်းစားကြည့်ရင် စိတ်ကူးယဉ်ဆန်ဆန်ပါပဲ ဒါပေမယ့်
တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုပါ
Gruwell နဲ့ ကျောင်းသားတွေက အခု ကယ်လီဖိုးနီးယားမှာ
ဖောင်ဒေးရှင်းတစ်ခုထောင်ထားပြီး ပရဟိတ လုပ်ငန်းတွေ
လုပ်ဆောင်နေဆဲဖြစ်ပါတယ် ဒီဇာတ်ကားမှာ
လူမျိုးတုန်းသတ်ဖြတ်မှုတွေ နာဇီက ငရဲခန်း အော့ဝှဇ်
အကျဉ်းထောင်အကြောင်းတွေကို ပြတဲ့အခါ
လွတ်မြောက်ရှင်သန်ခဲ့တဲ့ ဂျူးလူမျိုးတွေက
သူတို့အကြောင်းတွေ ပြောပြတဲ့အခါ မျက်ရည်ကျရတဲ့အထိ
ဖြစ်ရပါတယ် အဲ့ဒီ့လောက်ကောင်းတဲ့
ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်
Gnere – Drama / Teen
IMDb. – 7.5/10
Rotten Tomatoes – 70%
File Size – 1.3 gb
Quality – bluray 1080p
Subtitle – burmese
Translator & Review – Pyae Shan Tun Wai
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။