Free Willy (1993)
How far would you go for a friend?

Synopsis:
ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ …
သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ ..
သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်..
ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။
Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။
အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို
ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko
သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။
ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို
အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊
ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့
ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ကြောင့်မို့ Keiko ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေ ကြီးကြီးမားမားပေါ်လာခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ ရုပ်ရှင်ထွက်ပြီး ၃နှစ်အကြာ ၁၉၉၆ မှာတော့ ဝေလငါးကြီး Keiko ကို မက္ကဆီကိုကနေ
အော်ရီဂွန်ကို ပြောင်းရွှေ့ပေးခဲ့ကြပြီး အော်ရီဂိုကမ်းခြေငါးပြတိုက်မှာ သူ့အတွက်
အထူးသီးသန့်ပြုလပ်ထားတဲ့ ကန်ကြီးထဲမှာ နေစေခဲ့ပါတယ်။
Keiko ဟာ သက်သာလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၂၂ နှစ်ကြာ လှောင်ပိတ်ခံခဲ့ရာကနေ သဘာဝထဲကို
ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သဘာဝနဲ့ အသားမကျတော့တဲ့ Keikoဟာ
၂၀၀၃ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။
File size… 2.5 GB / 1.4 GB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 52m
Genre ….. Family/Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Z
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။