Exit print mode Print Data A+ A- Undo all

Forever (2023)

Forever (2023)Forever (2023)

Synopsis:

Forever - Film online på Viaplay

442

ဘောလုံးအားကစားအကြောင်းရိုက်ကူးထားတဲ့ Sport/Drama ရုပ်ရှင်ကားကောင်းလေးပါ။

မီလာနဲ့ကီယာတို့က လင်ဒန်လို့ခေါ်တဲ့မြို့လေးမှာ ကျောင်းတက်နေကြပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပါ။ မီလာနဲ့ကီယာက အမြဲ စားအတူ သွားအတူဖြစ်ပြီး မိဘတွေအချင်းချင်းလည်းသိကျွမ်းကြပါတယ်။ အမျိုးသမီးကျောင်းဘောလုံးအသင်းမှာလည်း မီလာနဲ့ကီယာက ရှေ့တန်းကစားကြတာပါ။

မီလာရဲ့အိပ်မက်က ဂိုသီယာမြို့မှာကျင်းပတဲ့ ဂိုသီယာဖလားမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့ပါ။ ဒီလိုနဲ့ မီလာတို့ရဲ့အမျိုးသမီးကျောင်းဘောလုံးအသင်းလေးဆီကို ဆွီဒင်နိုင်ငံကိုယ်စားပြုပရိုပလေယာတစ်ဦးဖြစ်တဲ့ လိုလိုလို့အမည်ရတဲ့အမျိုးသမီးတစ်ယောက်က နည်းပြလုပ်ပေးဖို့ရောက်ရှိလာတဲ့အချိန်မှာတော့ သူတို့အတွက်အနာဂတ်တက်လမ်းတစ်ခုပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ မီလာရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကီယာကတော့ နောက်ပိုင်းမှာ သူမ လျှောက်ချင်တဲ့လမ်းက မီလာနဲ့မတူတော့တဲ့အခါမှာ သူငယ်ချင်းနှစ်ယောက်အကြားမှာ အဖုအထစ်လေးတွေဖြစ်လာခဲ့ပြီး တစ်ဖက်မှာလည်း မီလာဟာ သူမဘ၀ရဲ့အိပ်မက်တစ်ခုဖြစ်တဲ့ ပရိုပလေယာတစ်ယောက်ဖြစ်လာဖို့လမ်းကို ဆက်လျှောက်လှမ်းရင်း သူတို့နှစ်ယောက်ရဲ့ခင်မင်မှုကိုလည်း ဆက်ထိန်းထားဖို့ရာကြိုးစားရပါတော့တယ်။

ဒီရုပ်ရှင်လေးကအတော်ကြည့်လို့ကောင်းပါတယ်။ အထူးသဖြင့် ဘောလုံးအားကစားမှာ အမျိုးသမီးအသင်းတွေဟာလည်း အမျိုးသားအသင်းတွေနည်းတူ ရင်ဘောင်တန်းနိုင်ကြကြောင်း ခေသူတွေမဟုတ်ကြကြောင်းကိုမီးမောင်းထိုးရိုက်ကူးပြထားပြီး တခြားပေးချင်တဲ့မက်ဆေ့ခ်ျလေးတွေလည်းပါတာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အချိန်ပေးကြည့်ရှုဖို့ရာတန်တဲ့ လူငယ်ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

 

File size…(2.3 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:57:00
Genre… Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
12.585
Status
Released
ID IMDb.com
1116585
ID Themoviedb.org
1116585
TMDb Rating
6.5
TMDb votes
20