Fogaréu (2022)
~ IMDb rating – 7/10 ~
ဘရာဇီးနိုင်ငံ အလယ်ပိုင်းကမြို့လေးတစ်ခုရဲ့ နှစ်စဉ်ကျင်းပတဲ့ ရိုးရာစီတန်းပွဲလုပ်နေချိန်မှာ ဖာနန်ဒါဆိုတဲ့မိန်းကလေးတစ်ယောက် ရောက်ရှိလာပါတယ်။ သူမက မြို့တော်၀န်ရဲ့တူမဖြစ်ပြီး သူ့မိဘတွေ အကြောင်းသိချင်လို့ ရောက်လာတာဖြစ်ပါတယ်။ အဲဒီမြို့ရဲ့ ထူးဆန်းတဲ့အချက်ကတော့ မြို့ခံတွေဟာ သူတို့ဆွေမျိုး၀မ်းကွဲတွေ အချင်းချင်းပြန်လက်ထပ်ကြတာပါ။ မြို့ထဲမှာလည်း မသန်မစွမ်းတွေ ရူးနေတဲ့လူတွေ ပြည့်နေတာပါ။
မွေးကင်းစကလေးတွေ မသန်မစွမ်းဖြစ်နေရင် မိဘတွေက စွန့်ပစ်လိုက်ကြပါတယ်။ မြို့ခံတွေက အဲဒီကလေးတွေကို မွေးစားပါတယ်။ အမှန်တကယ်က မွေးစားတာထက် ကျွန်တစ်ယောက်လို ခိုင်းတော့တာပါ။ ဖာနန်ဒါက သူ့ဆုံးသွားတဲ့အမေအကြောင်းစုံစမ်းရင်း ဒါတွေကိုသိလာတာပေါ့။ ဦးလေးဖြစ်သူ မြို့တော်၀န်အိမ်မှာလည်း မွေးစားထားတဲ့ ကျွန်တွေရှိနေပါတယ်။ သူတို့မိသားစုကလည်း အကုန်လုံးနီးပါး ၀မ်းကွဲချင်းလက်ထပ်ထားသူတွေပါ။ ဖာနန်ဒါရောက်လာတဲ့ အကြောင်းရင်းက သူ့မိဘရင်းတွေဘယ်သူတွေလဲဆိုတာသိချင်လို့ပါ။ သူ့အမေက အမေရင်းမဟုတ်ဘဲ မိသားစုရန်ကနေသူ့ကိုကာကွယ်ဖို့ ခေါ်ပြီးထွက်ပြေးလာဝာာကို သိနေပါတယ်။ ဦးလေးကတော့ သူ့ကို ဘာမှသေချာမပြောပြပါဘူး။
ဦးလေးမြို့တော်၀န်နဲ့ သူ့သားကတော့ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ဖို့လုံးပန်းနေကြတာပါ။ မြို့ရဲ့ ပိုင်နက်အရှုပ်အရှင်းတွေလည်း ဖြေရှင်းနေတာပါ။ ဖာနန်ဒါက စုံစမ်းရင်းနဲ့ သူ့မိခင်ရင်းက ဦးလေးတို့အိမ်က ခိုင်းတဲ့ကျွန်တစ်ယောက်ဖြစ်ပြီး ဖခင်ရင်းကတော့ ဦးလေးဖြစ်နေတာကို သိလိုက်ရပါတယ်။
မထင်မှတ်ထားတဲ့ အမှန်တရားကိုသိလိုက်ရတဲ့အခါ ဦးလေးကရော သူ့ကို သမီးအဖြစ် အသိအမှတ်ပြုပါ့မလား၊ သူ့မိခင်ရင်းကရော ဘယ်လိုဖြစ်သွားမှာလဲ၊ အမှန်ပေါ်သွားတဲ့အချိန်မှာ ဖာနန်ဒါကို ဦးလေးမိသားစုက လက်ခံမှာလား ဘယ်လိုလုပ်မှာလဲဆိုတာ ကြည့်ရမှာဖြစ်ပါတယ်။
ဘရာဇီးအလယ်ပိုင်းကလူတွေရဲ့ ရိုးရာပွဲ၊ ယုံကြည်မှုနဲ့ ဓလေ့တွေ၊ မှော်ပညာဆန်ဆန် အစီအရင်တွေကိုပါ ထူးထူးဆန်းဆန်းတွေ့ရမယ့် ကားတစ်ကားဖြစ်သလို ဘာလင်ရုပ်ရှင်ပွဲတော်လို ရုပ်ရှင်ပွဲတော်ကြီးမျိုးမှာလည်း ဝင်ပြိုင်ခဲ့တဲ့ ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 1.9GB, 795MB
Quality – 1080p, 720p
IMDb Rating – 7/10
Format – mp4
Duration – 1H 40Min
Genre – Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။




![[21+] Pay For Sex (2020)](https://www.channelmyanmar.to/wp-content/uploads/2022/04/MV5BNzMwODAwNmItYjJkYy00MmQwLTg2OTEtNTIzNjlkNGU5YjEyXkEyXkFqcGdeQXVyMTA0NTY0NTYy._V1_-141x200.jpg)













![[18+] Colorless (2019)](https://www.channelmyanmar.to/wp-content/uploads/2023/07/MV5BMGU2ZmFmNGMtODU2YS00YTFiLTk0OWQtZmRjYjE1ZTc5OTJjXkEyXkFqcGdeQXVyMTIyNjcwNTg@._V1_FMjpg_UX1000_-141x200.jpg)
![[18+] La Maison (2022)](https://image.tmdb.org/t/p/w185/zz6h2hfQ692jeeEkzfgFceyd50Y.jpg)










