Channel Myanmar

Flashback 2021

Uncategorized

7
IMDB: 7/10 votes

577357

Report error

ဒီဇာတ်လမ်းကိုတော့ Maze Runners ဇာတ်ကားတွေနဲ့ လူသိများတဲ့

442

မင်းသား ဒိုင်လန် အို ဘရိုင်ယန်က သရုပ်ဆောင်ပါဝင်ထားပါတယ်။

ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သာမန်ဝန်ထမ်းလေးတစ်ယောက်က

အထက်တန်းကျောင်းက သူငယ်ချင်းကောင်မလေးတစ်ယောက်ကို

သတိရပြီး ပြန်သွားရှာကြည့်မိတာလေးပါပဲ။

ဒီဇာတ်လမ်းလေး ပြချင်တဲ့ သဘောတရားလေးကလဲ ရိုးရှင်းပါတယ်။

အရှိတရားဆိုတဲ့အကြော်င်းလေးပေါ့။

ကျွန်တော်တို့တွေ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်လိုဖြစ်တည်နေလဲဆိုတာ

ကိုယ့်ကိုယ်ကိုယ့် သိဖို့ ခံစားကောက်ချက်ချရတဲ့ အာရုံလေးတွေရှိတယ်ပေါ့ဗျာ။

ဥပမာ အမြင်တွေ၊ အကြားတွေ၊ ပုံစံတွေ၊ အရောင်တွေ၊ ပတ်ဝန်းကျင်က အချက်အလက်အားလုံးတွေပေါ့။

အဲဒီအချက်အလက်အားလုံးကို အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အချိန်ဆိုတာလေးနဲ့ ချိတ်ဆက်ပြီး ကောက်ချက်ချလိုက်တာဗျာ။

ဥပမာ ကျွန်တော်က အခု ညဘက် ၁၀ နာရီ ခွဲမှာ ဒီအညွှန်းကို ထိုင်ပြီး ရေးနေတယ်ပေါ့။

ဒါကို ကျွန်တော်ခံစားမိပြီး သိနိုင်တယ်ဗျာ။ ဒါပေမယ့် နောက်တစ်နာရီနေရင် ကျွန်တော်အိပ်ရာထဲကိုရောက်နေတာကိုပဲ ခံစားသိတော့မယ်။

အခု စာထိုင်ရေးနေတာက မှတ်ဉာဏ်အဖြစ် ကျန်နေနိုင်ပေမယ့် လက်ရှိအချိန်အဖြစ် မခံစားနိုင်တောဘူး။

လက်ရှိအချိန်ဆိုတာ ပြောင်းလဲသွားခဲ့ပြီ။ အတိတ်အချိန်အဖြစ် စက္ကန့်တိုင်းပြောင်းလဲသွားနေတယ်။

ဘာလို့လဲ? ကျွန်တော်တို့က အချိန်နဲ့အချက်အလက်အားလုံးကို မျဥး်ဖြောင့်အတိုင်းပဲ ရှုမြင်ခံစားနိုင်လို့ပေါ့။

ဒါကြောင့် ခင်ဗျားဟာ ၂၀၂၁ ကို ရောက်နေပြီဆိုရင် ၂၀၁၉ မှာ ပြန်မနေနိုင်တော့သလို ၂၀၂၂ မှာလည်း မနေထိုင်နိုင်ဘူး။

တကယ်လို့သာ ကျွန်တော်တို့က အချိန်နဲ့အရာအားလုံးကို မျဉ်းဖြောင့်အတိုင်းမဟုတ်ဘဲ ဖြစ်တည်မှုတိုင်းကို ခံစားနိုင်ဆိုပါစို႕။

ဒါဆိုရင် ခင်ဗျားအတွက် လက်ရှိအခု ဆိုတဲ့အချိန်ဟာ ၂၀၁၉ ရဲ့ နေ့တစ်နေ့လည်းဖြစ်နိုင်တယ်

၂၀၂၅ရဲ့ ညတစ်ညလည်းဖြစ်နိုင်တယ်။ ခင်ဗျားက အချိန်လမး်ကြောင်းကြီးတစ်ခုလုုံးကိုပြိုင်တူသိမြင်နို်င်တယ်ဆိုရင်

လက်ရှိအမြင်တွေ အယူအဆတွေ ပြောင်းလဲသွားနိုင်မှာပေါ့။

ပိုပြီးလွတ်လပ်သွားမလား၊ ကိုယ့်ဖြစ်တည်မှုကိုယ်ဘာမှန်းမသိတော့အောင်ဖြစ်သွားမလား တွေးကြည့်လိုက်ပေါ့။

ပြောခဲ့သလိုပဲ။ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်လမ်းလေးက ဒါပါပဲ။

ဒါတွေကို တဖြည်းဖြည်းရုပ်လုံးပေါ်လာအောင်ခံစားတတ်ဖို့တော့ ကိုယ်တိုင်ကြည့်လိုက်ပါဦးဗျာ။

File size…(1,9 GB) and (1.2 GB)
Quality….Webrip 1080p and 720p
Format…mp4
Duration….01:40:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translator…Mr. Anderson



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies