First They Killed My Father (2017)


Synopsis:
First They Killed My Father (2017)_____IMDb – 7.2/10
လောလောလတ်လတ် 2017 မှာ ထွက်ရှိလာတဲ့ ကားလေး First They Killed My Father ကတော့
အတ္ထုပ္ပတိ ကားကောင်းတွေကိုကြိုက်နှစ်သက်သူပရိတ်သတ်ကြီးအဖို့ တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားလေးကို နာမည်ကျော်မင်းသမီး Angelina Jolie က ဒေါ်လာ 24 million အကုန်အကျခံကာ
ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတဲ့ ကားပါ။Jolie ရဲ့ အရင်
အတ္ထုပ္ပတိကား Unbroken ကားမှာကတည်းက ခေသူမဟုတ်ဆိုတာ လက်ခံလိုက်ရတာပါ။
အခုဇာတ်လမ်းလေးကတော့ ၁၉၇၅ခုနှစ်ကိုဇာတ်အိမ်ထားပြီး ၇နှစ်သမီးကတည်းက
ကလေးစစ်သားအဖြစ် လေ့ကျင့်ခံခဲ့ရတဲ့ Loung Ung တိုတဲ့အမျိုးသမီးလေးအကြောင်းပါ။
jolie ရဲ့ အများနဲ့မတူတဲ့ ရှုထောင့်ကနေ ဘယ်လိုရိုက်ကူးပြီး ခေါက်ရိုးကျိုး
Drama ကားတွေထဲကနေ ဘယ်လိုဖောက်ထွက်သွားလဲဆိုတာ ကိုယ်တိုင်ခံစားကြည့်ပါ လို့ပဲ တိုက်တွန်းလိုက်ပါတယ်
ဇာတ်လမ်းအကျဉ်းလေးကတော့ ၁၉၇၅ခုနှစ် ကမ္ဘောဒီးယားမှာဖြစ်ခဲ့တဲ့ ခမာနီအာဏာသိမ်းစဉ်က
ငါးနှစ်အရွယ်ကောင်မလေးလောင်ကို အကြောင်းပြုပြီး ရိုက်ထားတာပါ
အမေရိကန်ဗုံးကြဲတာ သမ္မတက အမေရိကန်ကျောထောက်နောက်ခံပြုတာတဲ့သူဖြစ်တာတွေကြောင့်
လူအများဟာ နိုင်ငံကိုပြန်လည်ရယူပေးမယ်ဆိုပြီး ကတိပေး ကြွေးကြော်ထားတဲ့
ခမာနီတပ်ထဲ ဝင်ကြ ထောက်ခံကြပါတော့တယ် ဒါပေမယ့် ခမာနီတပ်ရဲ့
တစ်ကယ့်ရည်ရွယ်ချက်ကို လူအနည်းကသာ သိကြပါတယ်
ခမာနီတပ်အာဏာသိမ်းပြီးနောက် ကောင်မလေး လောင်ဟာ
ကလေးစစ်သားဖြစ်လာရပါတော့တယ် ကောင်မလေး လောင်ရဲ့ မိသားစုကရော
ဘယ်လိုများ ဒုက္ခကြုံတွေ့လာရမလဲ သူတို့အားလုံး ပြန်လည်လွတ်မြောက်နိုင်ပါ့မလား
ခမာနီတပ်တွေကရော ဘယ်လိုများရက်စက်ကြမလဲဆိုတာ……………
Quality – Web-dl 720p
Duration – 2hr 13min
Genres – Biography/History/Drama/War
Subtitle – Myanmar Hardsub
Review – Aye Mon Kyaw
Translator – Inzali Thanhtike
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။