First Girl I Loved (2016)


Synopsis:
IMDb 6.1 Rotten Tomatoes 90%
ဒီတစ်ခါမှာတော့2016 Sundance Film Festival မှာ
Audience Award ရရှိခဲ့တဲ့ LGBTQ+ကားကောင်းလေး
တစ်ကောင်းကို CM ကနေ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ် ။
ဇာတ်လမ်းလေးကတော့ လူတောသိပ်မတိုးတဲ့
ကျောင်းမှတ်တမ်းဌာနက ကျောင်းသူလေး Anne နဲ့ နာမည်ကြီး
Softball စတား ဖြစ်တဲ့ Sasha တို့ နှစ်ယောက်ကြားထဲက
ဆယ်ကျော်သက် အချစ်ဇာတ်လမ်းလေးပါပဲ ။ ကျောင်းမှတ်တမ်း
စာအုပ်အတွက် မှတ်တမ်းယူပေးဖို့ Softball ပွဲ လိုက်ကြည့်ရာကနေ
Sasha ကို ကြွေသွားတဲ့ Anne ဟာ ဒီအကြောင်းတွေကို
သူ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ Cliffton ကို ရင်ဖွင့်ခဲ့ပါတယ် ။
ဒီလိုကနေ “လိင်တူချင်းကြိုက်တယ်”ဆိုတာကို လက်ခံနိုင်ပုံမရတဲ့
Cliffton က Anne နဲ့ Sasha တို့ကြားထဲမှာ ခလုတ်ကန်သင်း
တစ်ခုလိုဖြစ်လာပါတော့တယ် ။ ဒါပေမယ့် သူတို့နှစ်ယောက်
ဆက်ဆံရေးမှာ ခလုတ်ကန်သင်းဖြစ်နေတာက Cliffton ပဲ
မဟုတ်ပါဘူး ။ ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၊ မိဘ ၊ ဆရာ
အကုန်လုံးပါပဲ ။ လိင်စိတ်တိမ်းညွှတ်မှု ၊ အချစ် နဲ့ ပတ်ဝန်းကျင်တို့ရဲ့
သုံးခုပြိုင် လွန်ဆွဲပွဲမှာ နောက်ဆုံးတော့ ဘာက အနိုင်ရသွားမလဲ
ဆိုတာကို First Girl I’ve Loved ဆိုတဲ့ ဆယ်ကျော်သက်ရုပ်ရှင်
ကားလေးမှာ ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဒါ့အပြင် သားသမီးတွေရဲ့
လိင်စိတ်တိမ်းညွှတ်မှုအပေါ် မိဘတွေရဲ့ တုံ့ပြန်မှု ၊ ကိုင်တွယ်မှု
အမျိုးမျိုးကိုလည်း မြင်ရဦးမှာပါ ။
ရိုးရိုးလေးနဲ့ နွေးထွေးတဲ့ Plot ကို Color Grading
ကောင်းကောင်းနဲ့ ပေါင်းစပ်ဖန်တီးထားတာမို့ LGBTQ+
ရုပ်ရှင် သဘောကျသူတွေအတွက်ဆို သေချာပေါက်
ကြည့်သင့်တဲ့ ကားလေးတစ်ကားလို့ ညွှန်းလိုက်ချင်ပါတယ် ။
File size…1.29 GB / 526 MB
Quality…WEB-Rip 1080p 5.1CH/ 720p
Format…mp4
Duration….1h 30m
Genre ….. Drama , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Ashley
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။