Feeling Butterflies (2022)
Emily's butterfly business is taking off – and so's her love life!

Synopsis:
Feeling Butterflies (2022)
အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်က မြို့လေးတစ်မြို့မှာ
အမ်မလီမယ်ရီပိုဆာ ဆိုတဲ့ အမျိုးသမီးငယ်လေးတစ်ဦးက
သူမရဲ့သူငယ်ချင်းနဲ့အတူ လိပ်ပြာလေးတွေကိုမွေး၊
ပြီးရင် မွေးနေ့ပွဲတို့ မင်္ဂလာဆောင်တို့လို ပွဲတွေမှာ လိပ်ပြာလေးတွေကိုလွှတ်ပေးရတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်။
အတိတ်အချစ်ရေးကံဆိုးခဲ့သူတစ်ယောက်ဖြစ်လို့ ထပ်ပြီးရင်ခုန်ဖို့မလွယ်ကူတော့တဲ့ သူမဘ၀ဟာ
မွေးနေ့ပါတီတစ်ခုမှာ လိပ်ပြာလွှတ်ပေးဖို့ စပြီးတာဝန်ယူရာကနေ
single dad လူချောလေး ဂဲရက်နဲ့တွေ့ပြီးနောက်မှာ ပြောင်းလဲသွားခဲ့တယ်။
အကြောင်းဖန်ချင်တော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ရဲ့မင်္ဂလာပွဲအတွက် လိပ်ပြာအကောင်ရေ ၅၀၀ လွှတ်ဖို့အတွက်
ဂဲရက်တို့သားအဖက ဝင်ရောက်ကူညီပေးလာတဲ့အခါမှာတော့
ကြည်နူးစရာအချစ်ဇာတ်လမ်းလေး စတင်လာနိုင်ပါ့မလားဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
နောက်ပြီး သဘာဝတရားကြီးနဲ့ အင်းဆက်နွယ်မျိုး လိပ်ပြာတွေရဲ့ဆက်စပ်နေပုံတွေ၊
လိပ်ပြာလေးတွေကို ဂရုတစိုက်စောင့်ကြည့်မွေးမြူရပုံတွေ၊
အရောင်အသွေးစုံလင်တဲ့လိပ်ပြာအမျိုးအစားလေးတွေကို မျက်စိပသာဒဖြစ်စွာနဲ့ ကြည့်ရှုရမှာဖြစ်လို့
အချစ်ကားအေးအေးလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်များ လက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းဆိုပါရစေ။
( အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်)
Genre…..Comedy, Drama, Romance
Quality….WEB-DL 1080p and 720p
File size…1.3GB and 650MB
Format…mp4
Duration….1h 23min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Thwal Yadi
Encoder …..August
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။