Feel the Beat 2020
Take your chance. Make your move.

Synopsis:
ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ dancer ဖြစ်ဖို့ကြိုးစားနေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဘဝကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ မိသားစုဟာသကားလေးပဲဖြစ်ပါတယ်။ April Dibrina ဟာ ဘရော့ဝေးကပြဇာတ်တွေမှာ ခေါင်းဆောင်မင်းသမီးဖြစ်ဖို့ကြိုးစားနေတဲ့ အကသမားတစ်ဦးပါ။ မွေးရပ်မြေမှာရှိတဲ့ ချစ်သူကိုပါစွန့်လွှတ်ပြီး သူမရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပေမယ့် ထုတ်လုပ်သူတစ်ယောက်ရဲ့ရှေ့မှာ အမှားလုပ်မိတာကြောင့် သူမရဲ့အိမ်မက်တွေ ပျက်စီးလုနီးပါးဖြစ်ခဲ့ရပါတယ်။ စိတ်ဓာတ်ကျနေတဲ့ April Dibrinaတစ်ယောက် ဖခင်ရှိတဲ့သူမရဲ့ဇာတိမြို့ကိုပြန်သွားတဲ့အခါမှာတော့ သူမရဲ့အိမ်မက်ကို ပြန်လည်အကောင်အထည်ဖော်ဖို့ လမ်းစတစ်ခုရခဲ့ပါတယ်။ အဲ့တာကတော့ သူမငယ်ငယ်ကသင်ခဲ့ရတဲ့ အကသင်တန်းကျောင်းက ကလေးငယ်တွေနဲ့အတူ အကပြိုင်ပွဲဝင်ရင်း ဘရော့ဝေးက နာမည်ကြီးပွဲစီစဉ်သူ Welly Weng ရဲ့ရှေ့ကပြရမယ့် အခွင့်အရေးပါပဲ။ ဒီအခွင့်အရေးရဖို့ သူမအတွက် သိပ်မလွယ်လှပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမသင်ပေးရမယ့် ကလေးတွေဟာ ကတဲ့နေရာမှာ အဆင်မပြေတဲ့အပြင် ချို့ယွင်းချက်များစွာနဲ့ဖြစ်နေလို့ပါပဲ။ ဒီကားလေးထဲမှာ သူမရဲ့အိမ်မက်အတွက် အမြဲကြိုးစားနေတဲ့ dancer မလေး April Dibrina အဖြစ် Sofia Carson ကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အကနဲ့ပတ်သတ်ပြီး အလွဲလွဲအချော်ချော်ဖြစ်နေကြတဲ့အပြင် ချို့ယွင်းချက်ကိုယ်စီနဲ့ ကလေးတွေကို April Dibrinaတစ်ယောက် ဘယ်လိုဦးဆောင်သွားမလဲ ထူးခြားတဲ့အရည်အသွေးတွေနဲ့ ပြိုင်ဆိုင်ကြမယ့် အဖွဲ့တွေအများကြီးကြား April တို့အဖွဲ့ အနိုင်ရပြီး Welly Wong အသိအမှတ်ပြုတာခံရဖို့ ကြိုးစားနိုင်ပါ့မလား နယ်မြို့လေးမှာကျန်ခဲ့တဲ့ သူမလမ်းခွဲခဲ့တဲ့ ချစ်သူနဲ့ရော ပြန်အဆင်ပြေသွားမှာလား ကလေးတွေနဲ့ သံယောဇဉ်တွယ်သွားတဲ့ April တစ်ယောက် သူမရဲ့အနာဂါတ်လမ်းနဲ့ ကလေးတွေကြား ဘယ်လိုရွေးချယ်မှုပြုလုပ်သွားမလဲ စတာတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပြင် နယ်မြို့လေးတစ်မြို့က မြို့သူမြို့သားတွေရဲ့ ဟာသအလွဲလေးတွေကိုပါ မြင်တွေ့ရမှာမို့ လက်လွှတ်မခံသင့်တဲ့ မိသားစု ဟာသ ဒရမ်မာ ဇာတ်မြူးလေးပဲဖြစ်ပါတယ်
Quality – 720p webrip
Duration – 1 hr 49min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Comedy, Drama, Family
Translator –Lwin Lwin Aung
Encoder – Littleneo
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။