Channel Myanmar

Report error

2020 မှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ animated comedy လေးပါ ရိဒ် ဆိုတဲ့ ကောင်လေးဟာ Planet Master ဂိမ်းကို အင်မတန် စွဲမက်သူပါ။ Fearless ဆိုတဲ့ နာမည်နဲ့ ဂိမ်းလောကမှာ ဆရာကြီးဆိုရင်လည်း မပါဘူးပေါ့။ ရိဒ်ဆော့နေတဲ့ ဂိမ်းထဲက ကာရိုက်တာကတော့ ကပ္ပတိန် လိုက်ဒ်စပိဒ်ပါ ကပ္ပတိန်ရဲ့ သားသမီးတွေဆိုပြီး ကီရာ၊ ဇန်ဒါ၊ တိုင်တပ်စ် ဆိုပြီး ကလေးကာရိုက်တာ သုံးယောက်လည်းရှိပါသေးတယ်။ အာကန်းနစ်ဆိုတာကတော့ ကပ္ပတိန်ရဲ့ ရန်သူ ကာရိုက်တာပါ။ အာကန်းနစ်ဟာ ဂိမ်းထဲက ကာရိုက်တာဆိုပေမယ့် ဘာအစွမ်းမှမရှိပါဘူး။ ဒါပေမယ့် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ကို အရယူနိုင်မယ်ဆိုရင်တော့ အစွမ်းတွေရလာပါလိမ့်မယ်။ တစ်နေ့ ရိဒ်ဟာ နောက်ဆုံးအဆင့်ကို တက်ဖို့အတွက် warning တစ်ခုရခဲ့ပါတယ်။ Warning ကတော့ ဖြစ်လာတဲ့ရလဒ်တွေကို လက်ခံမှာလား ဆိုတာပါပဲ။ အဆင့်တက်ချင်နေတဲ့ ရိဒ်ဟာ warning ကို လက်ခံလိုက်တဲ့ အချိန်မှာတော့ ဂိမ်းထဲက ကာရိုက်တာတွေဟာ အပြင်လောကကို ရောက်လာပါတော့တယ် ရောက်လာတဲ့ ကာရိုက်တာတွေကလည်း တခြားမဟုတ် ကပ္ပတိန်ရဲ့ ကလေးသုံးယောက်ပါ။ ဒီတော့ သူစွမ်းအားရဖို့အရေး အာကန်းနစ်က ကပ္ပတိန်ကို ထောင်ချောက်ဆင်ပြီး ကလေးတွေကိုဖမ်းဖို့ ကမ္ဘာမြေကို လိုက်လာပါတော့တယ် …. ဂိမ်းလောကနဲ့ လက်ရှိလောက Setting နှစ်ခုနဲ့ ဇာတ်လမ်းကို ဖန်တီးထားပါတယ် ရိဒ်နဲ့ကလေးတွေကြားက အဖြစ်အပျက်တွေက တကယ့်ကို ရယ်ရပြီး စိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်လမ်းလေးပါ Cody Edwards က ရိုက်ကူးထားပြီး Miles Robbins Yara Shahidi Miguel Jakakiss တို့က အသံသရုပ်ဆောင်အဖြစ် ပါ၀င်ပေးထားကြပါတယ်

 

442

File Size : 650 Mb / 350 Mb
Quality :WEB-DL 720p
Format…mp4
Duration…01:29:00
Genre : Animation, Family, Comedy
Subtitle : Myanmar Subtitle (Hard Sub)
Translated by Yoon Sandi Aung
Encoded by Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies