Channel Myanmar

Fate: Into The Wall ( 2023 )

1h 46 min FantasyMysteryRomance

5.9
IMDB: 5.9/10 652 votes

China

153098

Report error

ဒီတစ်ခါCM ကနေဘာသာပြန်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့
တရုတ်ကားကြည့်နေကျပရိတ်သတ်တွေနဲ့ မစိမ်းတဲ့
မကောင်းဆိုးဝါးဖမ်းတဲ့ကားလေးပဲဖြစ်ပါတယ်

ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် သူဌေးသားလေးဝမ်လိရွှမ်က
စာပေကိုလုံးဝစိတ်မဝင်စားဘဲနဲ့ သောက်စားပျော်ပါးပြီး
အမတမျိုးနွယ်တွေလိုပျံသန်းကြတဲ့အကြောင်းရေးထားတဲ့စာတွေပဲ ဖတ်လေ့ရှိပါတယ်
တစ်နေ့တော့ ဖားမကောင်းဆိုးဝါးကိုလိုက်ဖမ်းတဲ့
သူတောင်းစားလေးအယောင်ဆောင်ထားတဲ့အမတမျိုးနွယ် နဲ့ဆုံတွေ့ပြီး
ချွေ့ယွင်တောင်မှာ အမတပညာတွေကို သင်ယူဖို့ ခရီးနှင်လာခဲ့ပါတယ်

442

ဘယ်ကိစ္စမဆိုပေါ့ပျက်ပျက်ပဲ သဘောထားတတ်တဲ့ သခင်လေးဝမ်တစ်ယောက်
တောင်အောက်ခိုးဆင်းဖို့ပြင်ရင်း ဆရာသုံးယောက်ရဲ့ သေရည်ဝိုင်းထဲကို
ရောက်သွားရာကနေမှ ပန်းချီကားချပ်ထဲက နတ်မိမယ်လေးကို ‌မေတ္တာသက်ဝင်သွားခဲ့ပါတယ်

နတ်မိမယ်လေးကို သူ့ဆရာက နံရံထဲကနေ ဖောက်ဝင်ပြီးတော့ခေါ်ထုတ်လာတာကို
သူတွေ့တော့ နံရံဖြတ်ဝင်တဲ့အတတ်ပညာကို သင်ယူချင်သွားပါလေရော
အဲ့ကနေစပြီးတော့ သူ့ရဲ့အမတပညာတွေက တဖြေးဖြေးတိုးတက်လို့လာခဲ့ပါတယ်
တစ်ဖက်မှာလည်း သူ့ဆရာက သူ့ကိုခေါ်ထားရတဲ့အကြောင်းရင်းကတော့
သူတို့ဆရာသုံးယောက်ပုလဲထည့်ပြီး ထိန်းသိမ်းထားရတဲ့ ပုံရိပ်ယောင်
ဆွဲဆောင်မှု မိစ္ဆာဆိုတဲ့ မြွေမကောင်းဆိုးဝါးရဲ့ဝိညာဉ်အခွဲတွေ ပြန်ပေါင်းစည်းပြီး
လူ့လောကကြီးကို အန္တရာယ်ပြုလာရင် ဖြစ်လာမယ့်အန္တာရာယ်ကို
ကိုင်တွယ်နိုင်သူက သူပဲလို့ ဆရာအကြီးဆုံးကပြောခဲ့တာမို့လို့ပဲဖြစ်ပါတယ်
အဲ့တော့ သူတို့ကြိုတွက်ချက်ထားသလိုပဲ ဝမ်လိရွှမ်က ဒီအန္တာရာယ်ဆိုးကြီးကို
ဘယ်လိုရင်ဆိုင်ကိုင်တွယ်သွားမှာလဲ ဆိုတာကို ဟာသလေးနှောပြီးရိုက်ကူးထားတာဖြစ်လို့
‌ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးတစ်ကားအဖြစ်ညွှန်ပေးချင်ပါတယ်

Quality : WEB-DL 1080p , 720p
Format : mp4
Genres : Romance , Fantasy
Runtime : 1h 46 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Kyawt
Encoded by LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Fate: Into The Wall ( 2023 )


No downloads available

Genres



Related movies