Family of Strangers (2019)


Synopsis:
Family of Strangers
————————————
သွေးသားတော်စပ်သူတွေကို မိသားစုလို့ခေါ်ကြတယ်
သွေးသားမတော်စပ်ပေမယ့်
မိသားစုထပ်ပိုနွေးထွေးတဲ့သူတွေနဲ့ ကြုံဖူးကြလား??
အရပ်သုံးစကားကတော့ ရပ်ဆွေရပ်မျိုးပေါ့
အဲ့လိုဆိုပေမယ့်လည်း သွေးသားအချင်းချင်းကို
ညှင်းပန်းနှိပ်စက်ပြီး ရိုင်းစိုင်းတဲ့သူတွေလည်းရှိကြတာပဲ
ဒီကားထဲမှာတော့ လူသတ်ပြီးကြိုးပေးတာမသေလို့
စိတ်ကျန်းမာရေးဆေးရုံရောက်နေတဲ့လူကြီးရယ်
ဆေးသုံးလွန်ပြီး ကြောင်နေလို့ရောက်လာတဲ့
လူရည်လည် ကောင်လေးရယ်
ပထွေးကအနိုင်ကျင့်တာကို
ဘယ်သူ့အကူအညီမှမရပဲ
သတ်သေချင်နေတဲ့ ဆယ်ကျော်သက်ကောင်မလေးရယ်တို့က
စိတ်ကျန်းမာရေးဆေးရုံမှာဆုံကြရင်းက
အချင်းချင်းနွေးထွေးကြတဲ့ဆက်ဆံရေးလေးကိုကြည့်ရမှာပါ
သွေးမတော်သားမစပ်ပေမယ့်
ဘဝတူတွေမို့ ကိုယ့်သွေးသားမိသားစုလို
အတူတူလိုက်ပါ ခံစားနာကျင်ထိခိုက်ပြီး
တတ်နိုင်တဲ့ဘက်ကကူညီကြတဲ့
ရိုးရှင်းတဲ့ မေတ္တာတရား
အေးချမ်းတဲ့မေတ္တာတရားကို
ဘာအထူးတလည်မွမ်းမံမှုမှမရှိပဲနဲ့
ရင်ထဲရောက်အောင် ရိုက်ကူးပြသထားတာကြောင့်
အသေးစိတ်ကအစ ရင်ထဲခံစားရစေမှာပါ….
ဒီလိုကပ်ဘေးကာလမှာ နှလုံးသားကိုလဲ
အာဟာရကျွေးဖို့လိုတာကြောင့် နှလုံးသားအာဟာရ
မိသားစုဇာတ်ကားလေးကို ကြည့်ရှုခံစားကြပါဦး
ဒါကြောင့် သေချာလေးကြည့်ပြီးခံစားလိုက်ပါဦးနော်..
IMDB 6.2 ရထားပြီး castingပိုင်းမှာလဲ
ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီး နနကိုမတ်စုလေး
ကခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ရိုက်ကူးထားကြောင့်
ကြည့်ရှုသူ ပရိသတ်တို့ သရုပ်ဆောင်ပိုင်းမှာလဲ နှစ်ခြိုက်ကြမှာပါ…
အညွှန်းနဲ့ဘာသာပြန်ကိုတော့ ThinZar Htet မှခံစားရေးသားပေးထားပါတယ်
Translated by : ThinZar Htet
Encoded by : YK
Quality :720p HDTV x264 AAC5.1
File Size : 1.2GB
Subtitles : Myanmar (Hardsub)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။