Fairy Tale Love (2017)

Synopsis:
ကံကြမ္မာအလှည့်အပြောင်းကြောင့် ကာတွန်းဆရာတစ်ယောက်ဟာ
နတ်သမီးလေးတစ်ပါးနဲ့တွေ့ကြုံခဲ့ရတဲ့အခါမှာ….
ဒါဟာ ကောင်းကင်ဘုံမှာ အခြေတည်လာတဲ့ကစားပွဲလေလား…
အတိတ်ဘ၀လား ပစ္စုပ္ပန်ဘ၀လား….
ကောင်မလေးက သာမာန်မိန်းကလေးတယောက်မဟုတ်ခဲ့သလို…
သူဟာလဲ သာမာန်လူတစ်ဦးမဟုတ်တဲ့အခါ….
ကံကြမ္မာက သူတို့နှစ်ဦးကို တွေ့ဆုံစေခဲ့သလို ကံကြမ္မာကပဲ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကို စမ်းသပ်လိုက်ပုံက….
ဒီကားလေးက ၂၀၁၇ ထွက် (Chinese Comedy) ကားလေးပါ။ သူ့အကြောင်း သူ့နေစဉ်ဘ၀ကို ကာတွန်းရေးလေ့ရှိတဲ့ အောင်မြင်မှူမရသေးတဲ့ FA လူငယ်ကာတွန်းဆရာလေးတစ်ယောက် ဟာ အမှတ်မထင် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူရောက်လာချိန်ကစလို့ ကာတွန်းဆရာလေးဘ၀ ပြောင်းလဲသွားခဲ့ရပါတယ် ပျော်ရွှင်စရာတွေ ကြည်နှူးစရာတွေနဲ့ပေါ့။ ဒီပျော်ရွှင်မှူနဲ့အတူ နောက်ကနေ ကံဆိုးမှူတွေပါ တွဲလာတဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ သံယောဇဉ်ကို ကံကြမ္မာကစမ်းသပ်ခဲ့ပါတယ်။
သူကောက်ရခဲ့တဲ့ကောင်မလေးဟာ သာမာန်မိန်းကလေး တစ်ယောက်မဟုတ်ခဲ့သလို သူဟာလဲ သာမာန်လူသားတစ်ဦးထက်ပိုတာကိုသိလိုက်ရပါတယ်။
(ဇတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါး ဖန်စီ ဟာသ အချစ်ဇတ်ကားလေးပါပဲ ဒီဇတ်ကား အတွက်တော့ ရီစရာလေးတွေနဲ့ ကြည်နှူးစရာတွေနဲ့မို့ အပြင်းပြေကြည့်ဖို့ ကားလေးတစ်ကားအနေနဲ့ ပြောပါရစေ။ တရုတ်ကားထုံးစံအတိုင်း သိုင်းတေလဲချသေးသကိုး)
Qty – 720p Web dl
Duration – 1hr 33min
Subtitle – Myanmar Hardsub
Gern – Drama/Comedy
Translator – Bai Mailing
Encoder – Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။