Face Off 6: The Ticket Of Destiny (2023)

Synopsis:
Face off 6 : The Ticket of Destiny (2023)
Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။
Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။
ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။
ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။
သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။
ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။
ဒီထီလက်မှတ်ကိုတော့ အဖွဲ့ထဲက ရိုးသားကြိုးစားတဲ့ လူရိုးကြီးအန်ကို သိမ်းထားခိုင်းပါတယ်။
ဖြစ်ချင်တော့ အန်တစ်ယောက် မတော်တဆမှုနဲ့ ဆုံးပါးသွားပြီး အန်သိမ်းထားတဲ့ ထီလက်မှတ်ကလည်း Jackpotဆုကြီးပေါက်သွားချိန်မှာတော့….
ဖြူစင်ပါတယ် ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ဆက်ဆံရေးကြားမှာ ငွေဆိုတဲ့မုန်တိုင်းဝင်လာချိန်မှာတော့ ဘယ်လိုသရုပ်မှန်တွေပေါ်လာကြမလဲ။
ပျောက်ဆုံးနေတဲ့ထီလက်မှတ်ကိုရှာရင်းနဲ့ ဘာပြဿနာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်း ပဟေဠိ အဖြေညှိလိုက်ရအောင်ပါ။
Genre….. Comedy, Drama
Quality…. 1080p | 720p
File size… 1.2GB | 545MB
Format… mp4
Duration…. 1h 53min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Mary Christ
Encoder ….. Aaron
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။