Eye of the Storm ( 2023 )


Synopsis:
SARS ဆိုတဲ့ကူးစက်ရောဂါကိုခပ်ရေးရေးတော့မှတ်မိကြမယ်ထင်ပါတယ်။
အခုလိုCovid-19ကပ်ရောဂါကြီးမဖြစ်ခင် လွန်ခဲ့(၁၀)နှစ်လောက်တုန်းက
SARSဆိုတဲ့အသက်ရှူလမ်းကြောင်းကူးစက်ရောဂါဖြစ်ခဲ့ပြီး
သေဆုံးနှုန်း (၁၁)ရာခိုင်နှုန်းထိရှိခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့
(၂၀၀၃)ခုနှစ် အေပရယ်လမှာ SARSဟာဟောင်ကောင်ကတစ်ဆင့်
ထိုင်ဝမ်ကိုစတင်ကူးစက်လာပြီး ပေထိုင်ဆေးရုံမှာဖြစ်ခဲ့တဲ့
ကပ်ဘေးရောဂါဖြစ်ရပ်လေးကိုရိုက်ကူးထားတာဖြစ်ပါတယ်။
ဒီကားလေးမှာဆိုရင် ပေထိုင်ဆေးရုံမှာSARSကူးစက်တယ်လို့
သံသယရှိတဲ့လူနာရှိကြောင်းသတင်းရတာနဲ့ ထိုင်ပေအစိုးရကဆေးရုံကို
ပိတ်ချလိုက်တဲ့အခါ ဆေးရုံထဲမှာလူနာတွေရော ကျန်းမာရေးဝန်ထမ်းတွေမှာပိတ်မိသွားပါတယ်။
ရောဂါရဲ့သဘောတရားကိုသေချာမသိရသေးတဲ့အတွက် အားလုံးဟာ
ထိတ်လန့်တကြားတွေဖြစ်ကြရပြီး အခြေနေတွေဟာလုံးဝရှုပ်ထွေးကုန်ပါတယ်။
ဒီကားလေးမှာဆိုရင် ကျန်းမာရေးဝန်ထမ်းဖြစ်တဲ့
ဆရာဝန်တွေသူနာပြုတွေဟာလဲ လူပါပဲ။ ထိတ်လန့်တတ်တယ် ကြောက်ရွံ့တတ်တယ်
မိသားစုတွေရှိတဲ့အတွက် တစ်ကိုယ်ကောင်းလေးတွေဆန်မိကြတယ်
ဆိုတာလေးကိုမြင်တွေ့ရမှာဖြစ်ပြီး။ ဒီကြောက်ရွံ့ထိတ်လန့်မှုတွေကို
ကျော်ဖြတ်ပြီး SARS ရောဂါကိုဘယ်လိုအန်တုခဲ့ကြလဲဆိုတာကိုမြင်ရမှာပဲဖြစ်ပါတယ်။
Quality : WEB-DL 1080p , 720p
Format : mp4
Genres : Drama
Runtime : 1h 58 min
Subtitle : Myanmar Subtitle ( Hardsub )
Translated by CM Team
Reviewed By Nu Mon
Encoded by LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။