Escape (2024)
***************
ဒီတစ်ခါမှာတော့ Taxi Driver, Chief Detective1958 တို့လို
rating အမြင့်ဆုံးရထားတဲ့seriesတွေထဲက မင်းသား Lee Je Hoon၊
D.P., Parasyte: The Grey ဇာတ်ကားတွေမှ မင်းသား Koo Kyo Hwan၊
Hopeless ထဲမှ မင်းသား Hong Xa Bin တို့ အဓိကပါဝင်ထားပြီး
Song Kang cameo ပါဝင်ထားတဲ့ အရမ်းပေါက်နေတဲ့ မြောက်ကိုရီးယား
တပ်ပြေးဇာတ်လမ်းလေးကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းကတော့
မြောက်ကိုရီးယားစစ်သား အင်ဂယူနမ်ဟာ တောင်ကိုရီးယားမှာ
လွတ်လပ်မှုကို အိပ်မက်မက်ရင်း မျှော်လင့်ချက်အပြည့်ရှိတဲ့
ဘဝအသစ်တစ်ခုစတင်ဖို့ အိပ်မက်မက်နေသူပါ။
ဒါကြောင့် သူ့အိပ်မက်ဖြစ်မြောက်ဖို့အတွက်ဆိုရင် အမိနိုင်ငံကနေ ထွက်ပြေး
စစ်မဲ့ဇုန်ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ရမှာပဲဖြစ်ပါတယ်
တစ်နေ့မှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးဖို့လုပ်ရင်း
စစ်သားလေး ဒုံဟျော့ဆီမှာ မိသွားပါတော့တယ်။
အဲဒီနေရာကို ဗိုလ်မှူးရီဟျွန်းဆန်းပါ ရောက်ရှိလာတဲ့အခါမှာတော့…။
နှစ်ပေါင်းများစွာ တပ်ထဲက ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ဂယူနမ်ကို နည်းမျိုးစုံနဲ့
တားနေတဲ့ ဗိုလ်မှူးရီဟျွန်းဆန်းတစ်ယောက် ဒီတစ်ခါမှာရော တားနိုင်ဦးမှာလား။
ဂယူနမ်ကရော သူ့အိပ်မက်တွေဖြစ်မြောက်အောင် ထွက်ပြေးပြီး လွတ်လပ်မှုကို
ရှာဖွေနိုင်ပါ့မလားဆိုတာတွေကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရင်တထိတ်ထိတ်နဲ့
ရှုစားလိုက်ကြရအောင်နော်။
(အညွှန်းကိုတော့ Toe Toe Aung မှ ရေးသားထားပါတယ်။)
File size…1.47GB / 610MB
Quality…WEB-DL 1080p/ 720p
Format…mp4
Duration….1h 35m
Genre ….. Action, Military, Thriller, Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Tiff
Translated by Miri Stary, Hnin Wai, ToeToe Aung, Shwe Pyae & Kaung Htet
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။