Channel Myanmar

Escape (2023)

1h 48min CrimeMysteryThriller

7.5
IMDB: 7.5/10 28 votes

Indonesia

104148

Report error

Escape [2023]

( IMDb 7.5/10 )

442

စစ်ကြောရေးအခန်းတစ်ခန်းထဲမှာ အက်ဒမ်တစ်ယောက် မူးဝေပြာရီစွာနဲ့ပဲ
လက်ထိတ်ခတ်လျက်သား သတိပြန်လည်လာပါတယ်…
သူ့ရှေ့မှာ ကြိုးဖုန်းအနီတစ်လုံး ရှိနေပြီးတော့ မျက်နှာကျက်နားက နံရံပေါ်မှာ တီဗီတစ်ခု ရှိနေပါတယ်…
တီဗီထဲက သတင်းမှာတော့ သူသေဆုံးသွားပြီဆိုတဲ့ သတင်းက ထုတ်လွှင့်လာပါတယ်…

အက်ဒမ် မယုံကြည်နိုင်ဖြစ်နေချိန်မှာပဲ ဖုန်းမြည်လာပါတယ်…
လာတဲ့ ဖုန်းက အရေးပေါ်ဖုန်းလိုင်းကပါ…
တစ်ဖက် အသံကိုသာ ကြားရပြီး အက်ဒမ့်အသံကို သူတို့မကြားရပါဘူး…

ဒီလိုနဲ့ နောက်ဖုန်းတစ်ကောလ်… အက်ဒမ်သူ့အဖြစ်ကို ပြန်ပြောပြန်တယ်…
ဒီတစ်ခါတော့ အကြမ်းဖက်တိုက်ဖျက်ရေးအဖွဲ့ကတဲ့လေ…
အက်ဒမ်ဟာ ဝန်ကြီးကို လုပ်ကြံဗုံးခွဲခဲ့တဲ့ တရားခံပါတဲ့…
သူ့ကို ဖမ်းဖို့ လိုက်နေကြတာပါတဲ့…

အက်ဒမ်ရဲ့ ဇဝေဇဝါဖြစ်မှုဟာ အမြင့်ဆုံးကို ရောက်နေရှိနေပါပြီ…
အဲ့နောက်မှာပဲ အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့ EMP-47 ချပ်စ်ပြား ကိစ္စကလည်း ပေါ်လာပါတော့တယ်…
အဲ့နောက်မှာတော့ အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်တဲ့ လက်စ်ကာ တီမောရဲ့ အမဲလိုက်တာကိုလည်း ခံနေရမှန်း သိလာရပါတယ်…
တစ်ပူပေါ် တစ်ပူဆင့်နေရင်းကမှ အခန်းထဲမှာ ပေးထားတဲ့အချိန်အတွင်း ချပ်စ်ပြားတည်နေရာကို မပေးနိုင်ရင်
အချိန်ကုန်တာနဲ့ တစ်ခန်းလုံး ပေါက်ကွဲထွက်သွားမယ့် အချိန်ကိုက် ဗုံးကလည်း အသင့်တပ်ဆင်ထားပြီးသား ဖြစ်ပါတယ်….

ဒီလိုအခြေအနေဆိုးကြီးထဲမှာ ဦးခေါင်းထိခိုက်ထားတဲ့ ဝေဒနာနဲ့ အက်ဒမ်တစ်ယောက်
အတိတ်ကို မနည်းပြန်တူးဆွရင်း ဒီအခန်းထဲက လွတ်မြောက်အောင် လုပ်သွားနိုင်မလား ရှုစားရမှာပဲ ဖြစ်ပါတယ်

အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။္

Genre….. Crime, Mystery, Thriller
Quality…. 1080p | 720p
File size…
Format… mp4
Duration…. 1h 48min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. Tun Aung Kyaw
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies