Channel Myanmar

Enaku Endey Kidaiyaathu (2023)

N/A    

Not Rated 1h 44m ActionBollywood

9.1
IMDB: 9.1/10 119 votes

, , , , ,

India

124707

Report error

Enaku Endey Kidaiyaathu (သို့) အငမ်းမတော်တစ်ခွက်

IMDb-9.1/10 တစ်ပတ်လုံးပင်ပန်းထားတဲ့သောကြာညအတွက် အပန်းဖြေဖို့အသင့်တော်ဆုံးဖြစ်မယ့်
suspenseနဲ့comedyကို အချိုးကျရောစပ်ထားတဲ့ ဟာသကားလေးတစ်ကားကို စီအမ်ချစ်ပရိသတ်တို့အတွက်
တင်ဆက်ပေးလိုက်ပါပြီ။

442

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီရုပ်ရှင်လေးကလည်း သောကြာညမှာ သပွတ်အူလိုက်သွားတဲ့ ကြောင်ခံတွင်းပျက်
တက္ကစီသမားတစ်ယောက်အကြောင်းပေါ့။ တစ်ပတ်လုံးတက္ကစီဆွဲထားရတဲ့ ကားဆရာကြီး‌ ဆေကာတစ်ယောက်
ယမကာလုလင်တို့ထုံးစံအတိုင်း တစ်ပတ်တာအမောကို အရက်ဝိုင်းလေးနဲ့ ဖြေဖျောက်ဖို့ကြံတာပေါ့။

ဒီလိုနဲ့ နောက်ဆုံးခရီးသည်ကိုပို့ပြီးရင် သူငယ်ချင်းနဲ့အတူ အမှောက်ကစ်မယ်ဆိုတဲ့မိုတီနဲ့ သွားအကြိုမှာတော့
ခရီးသည်ဟာ ဘားကနေထွက်လာတဲ့ ဂုဏ်သရေရှိအမျိုးသမီးတစ်ယောက်ပုံနဲ့ လှလှပပဝတ်စားထားပေမဲ့
မျက်နှာမသာမယာဖြစ်နေတဲ့ မဒမ်တစ်ယောက်ဖြစ်နေပါသတဲ့။ အချိန်မတော်ကြီး မျက်ဝန်းမှာ
မျက်ရည်စတွေတွဲခိုလို့ထွက်လာတဲ့ မဒမ်ကိုကရုဏာသက်မိသွားတဲ့ဆေကာလည်း
စိတ်ပြေလက်ပျောက်ဖြစ်အောင် ထွေရာလေးပါးစကားတွေဖောင်ဖွဲ့ပြောပေးရင်း
အထီးကျန်နေတဲ့မဒမ်‌လေးတစ်‌ယောက် စကားပြောကောင်းတဲ့ ကားဆရာကြီးနဲ့
မသိမသာခင်မင်သွားကြတော့တာပေါ့။

ဒီလိုနဲ့ မဒမ်ရဲ့အိမ်မှာ ချပေးခဲ့တာကို မဒမ်ကအရက်သောက်မှာနဲ့တူတူ သူငယ်ချင်းနဲ့မသောက်ဘဲ
သူနဲ့သောက်ဖို့ ရှယ်ပလန်နဲ့ဆွယ်ပါတော့တယ်။ အစကတော့ ဆေကာလည်း
စည်းကမ်းဘာညာအကြောင်းပြပြီးမူနေပေမဲ့ မဒမ်အ‌ချောလေးကလည်း အဆွယ်ကကောင်း
အိမ်ကြီးအိမ်ကောင်းကြီးမှာ အရက်အကောင်းစားတွေလည်းရှိနေမှာဆိုတော့
အာဂပါးစပ် လူဖြစ်ကျိုးနပ်အောင် မဒမ့်အိမ်ကိုလိုက်ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

လောဘဇောရယ်လို့ဖြစ်လာရင် အရှိန်သတ်ရခက်တဲ့ လူ့သဘာဝအရ ဆေကာလည်း အစကတော့
အရက်သောက်ဖို့ပဲသွားတာပေမဲ့ အိမ်အကြီးကြီးထဲမှာ မိန်းမချောလေးနဲ့ နှစ်ယောက်တည်းရှိနေတဲ့အပြင်
ဒီလောက်ခမ်းနားတဲ့အိမ်ကြီးရဲ့ရတနာတွေနဲ့အတူ အထီးကျန်နေတဲ့ အိမ်ကြီးရှင်သခင်မကိုပါ
ဖြည့်ဆည်းပေးချင်၊ အပိုင်သိမ်းချင်တဲ့စိတ်ရိုင်းတွေဝင်လာချိန်မှာတော့…..

(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ ToMo ~ Alexတို့ပဲဖြစ်ပါတယ်)

( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

File size…1.6GB / 650MB
Quality…WEB DL 1080p /720p
Format…mp4
Duration….1h 44m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by V ~ BpL ~ Yunni ~ ToMo ~ Alex



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies