Elite Squad(2007)
On the streets of Rio only the elite survive

Synopsis:
Elite Squad(2007)
****************
IMDb…8.0
ရီယို ဒီဂျနေယိုဆိုတာ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံးမြို့တော်တွေထဲကတစ်ခုဖြစ်ပြီး၊
ဆင်းရဲသားရပ်ကွက်တွေမှာဆိုရင်
မူးယစ်ရာဇာတွေ၊ မူးယစ်ဂိုဏ်းသားတွေက မူးယစ်ရောင်းဝယ်ပြီး
လက်နက်ကိုယ်စီကိုင်ကာအုပ်ချုပ်ပါတယ်။
ဒီကရဲတွေဆိုတာကလည်း အကျင့်ပျက်ခြစားကာ မူးယစ်ဂိုဏ်းတွေနဲ့ပေါင်းစားငွေညစ်ဖို့သာ ခြေဆန့်ပြီး
မှုခင်းတိုက်ဖျက်ဖို့ဆိုရင်တော့ကိုယ့်နယ်မြေမှာဖြစ်တဲ့လူသေအလောင်းကို အခြားနယ်မြေကိုရွှေ့ပြီး
မှုခင်းကျဆင်းရေးကို ဒီလိုစွမ်းဆောင်ကြသူတွေပါ။ ဒီလိုနေရာမျိုးမှာ ပစ်ကြခတ်ကြရဲတွေလည်းမထိန်းသိမ်းနိုင်ဖြစ်လာပြီဆိုရင်
ဝင်ပါရသူတွေကတော့ တိုက်ပွဲဝင်အထူးတပ်ဖွဲ့ BOPEတပ်ဖွဲ့ပါပဲ။
ဒီတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သူ နက်စီမန်တိုဟာဆိုရင် ဖခင်ဖြစ်တော့မှာမလို့
တပ်ဖွဲ့ကနေလူစားထိုးရှာပြီး အနားယူဖို့ပြင်ဆင်နေချိန်၊
ဆင်းရဲသားရပ်ကွက်တွေကို ပုပ်ရဟန်းမင်းကြီးလာလည်မယ်ဆိုတော့
လုံခြုံရေးကို ဦးစားပေးကာစစ်ဆင်ရေးဆင်းလုပ်ဖို့ ပြင်ဆင်ရပါတော့တယ်…အဲ့ဒီနောက်မှာတော့..
ဒီဇာတ်ကားဟာ ဆုတံဆိပ်တွေများစွာရရှိထားတဲ့
ဘရာဇီး၊ ရီယီုရဲ့အခြေအနေတွေကိုမြင်တွေ့ရမယ့်
အက်ရှင်ဇာတ်ကားကောင်းမို့လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဗျ။
File Size :(5.3GB)(1.7GB) and (629MB MB)
Quality : Blu-Ray1080p5.1Ch, 720p
Format…mp4
Duration…01:48:00
Genre :Action, Crime , Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Themes
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။