Exit print mode Print Data A+ A- Undo all

Eden (2012)

Innocence isn't lost, it's stolen.
Eden (2012)Eden (2012)

Synopsis:

Eden (2012)

ဒီဇာတ်လမ်းဟာ လူကုန်ကူးမှုအကြောင်းပါ။ လူကုန်ကူးတယ်ဆိုပေမဲ့ နိုင်ငံရပ်ခြားတွေကို ရောင်းစားပစ်တာမျိုးမဟုတ်ဘဲ
ဖမ်းထားပြီး ခိုင်းချင်တဲ့နေရာခိုင်း သုံးချင်တဲ့နေရာသုံး လူမဆန်စွာ ရက်ရက်စက်စက်ခိုင်းစားတာမျိုးပေါ့။
မြန်မာနိုင်ငံမှာလည်း ဒီလိုအဖြစ်မျိုး ခပ်ဆင်ဆင်တွေ သိပ်မကြာသေးခင် နှစ်တွေတုန်းကရှိခဲ့ဖူးတာပါပဲ။
မလှိမ့်တပတ်နဲ့ခေါ်သွားပြီး ကျားဖောင်ပေါ် ရောင်းစားတယ်ဆိုတာမျိုးတွေပေါ့။
ဒီရုပ်ရှင်က အဲဒီလိုဖြစ်သွားတဲ့ ဘဝတွေကို ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။

442

ဒီရုပ်ရှင်ကို ၉၀ခုနှစ်အလယ်လောက်မှာ တကယ်ဖြစ်ခဲ့တဲ့ လူကုန်ကူးမှုအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ထားတယ်။
အမေရိကန်က ပြည်ပဝင်တွေ လူကုန်ကူးခံရတဲ့အကြောင်းတွေကိုလည်း အူမချေးခါးမကျန်ပြထားတယ်။
ဇာတ်လမ်းအစမှာတော့ ကိုရီးယား-အမေရိကန်သူလေးဟာ သူ့အမေကို ဆိုင်စောင့်ပေးနေရင်း ညဘက်တစ်ခေါက်လောက် နိုက်အောက်ထွက်ဖို့ကြံပါတယ်။
ကံမကောင်းချင်တော့ အဲဒီညမှာပဲ သူပြန်ပေးဆွဲခံလိုက်ရတယ်။ ဒီလိုနဲ့ သူနိဗ္ဗာန်လို့ထင်ထားခဲ့တဲ့ ကမ္ဘာကြီးရဲ့ ဟိုဘက်ခြမ်းငရဲကိုရောက်သွားတယ်။
ဒီကမ္ဘာမှာဖြစ်နေတာတွေက ကောင်းတာတော့တစ်ခုမှမရှိဘူး။ စစချင်း သူတို့တွေကိုဖမ်းထားတဲ့လူတွေက အမိန့်နာခံလာအောင် ခိုင်းသမျှလုပ်အောင် နှိပ်စက်ညဉ်းပန်းတယ်။
ခိုင်းစားလို့ရပြီထင်တော့မှ သူတို့ရဲ့ဈေးကွက်ထဲပို့တယ်။ ဈေးကွက်ထဲပို့တယ်ဆိုတော့ အပြင်ရောက်သွားတာပါပဲ။
အပြင်ရောက်သွားတာတောင် မလွတ်နိုင်ဘူးလားဆိုတဲ့ အမေးတော့ရှိမယ်။ လွတ်ဖို့ကြိုးစားကြပါတယ်။ ထွက်ပြေးကြတယ်။
ဒါပေမဲ့ သူတို့ဟာ လူကောင်းသူကောင်းလို့ထင်ရတဲ့လူတွေနဲ့ သွားတိုးရင်တောင် မလွတ်နိုင်ဘူး။
ဘာလို့ဆို လူတွေက ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါချင်ကြသလို လူကုန်ကူးတဲ့ကောင်တွေကလည်း လူတွေအထာနပ်ကြလို့ပါပဲ။
ခင်ဗျားဆီက စုတ်ပြတ်သတ်နေတဲ့ လူတစ်ယောက် အကူအညီလာတောင်းတယ်ထား။ ခင်ဗျားလည်း ဒီလူဘာတုန်းလို့ အရင်တွေးမိကြမှာပဲ။
ဘာမဟုတ်တဲ့ကိစ္စလေးတွေအတွက် သူစိမ်းဆီ အကူအညီတောင်းမိရင်တောင် သံသယနဲ့အကြည့်ခံရတဲ့ကမ္ဘာပဲမလား။
လူကုန်ကူးတဲ့ကောင်တွေက ဒီအထာတွေနပ်တော့ အရလိုက်ဖမ်း ခင်ဗျားတို့ဝင်ပါရင်
ခင်ဗျားတို့ပါ ဒုက္ခရောက်သွားမယ် ဘာညာ ပြောပြီး ခြောက်လိုက်ရင် ကြောက်သွားကြတာချည်းပါပဲ။

ဒီတော့ မလွတ်နိုင်တဲ့ ကောင်မလေးဟာ ဒီသံသရာကြီးထဲ ရှင်သန်ခဲ့ရတယ်။
လိင်ကိစ္စအတွက်ရောင်းစားတာ , ဆေးရောင်းတာ , ကလေးရောင်းတာ စစသဖြင့် မကောင်းမှုမျိုးစုံကို တစ်စထက်တစ်စ ခရေစေ့တွင်းကျ သူမြင်လာခဲ့ရတယ်။
လူကုန်ကူးတဲ့လူတွေက သူတို့လို လူကုန်ကူးခံရတဲ့လူအချင်းချင်းကြားမှာ အချစ်တော်လေးမွေး ဒလန်လေးထည့်ပေးထားတတ်တယ်။
သူတို့မလွတ်နိုင်တာ သေချာအောင် ထပ်ပြီးကစားလိုက်တာပေါ့။ အဖမ်းခံရတဲ့ကောင်မလေးဟာ သူရှင်သန်ဖို့အတွက် လိုက်လျောညီထွေနေရင်း
ဒီထက်ပိုနက်နဲတဲ့ မကောင်းမှုတွေကြားရောက်လာတယ်။ သူကိုယ်တိုင်လည်း သူတို့ထဲကတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတယ်။
ဒီလိုနဲ့ အခြေအနေတစ်ခုကိုရောက်လာခဲ့တဲ့အခါ သူ့အသိစိတ်နဲ့ရှင်သန်ချင်စိတ် ဘယ်ဟာက ပိုတာသွားမလဲ ကြည့်ရမယ့် ဝမ်းနည်းစရာဇာတ်လမ်းပါပဲ။

အညွန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။

Genre….. Crime, Drama, Thriller
Quality…. 1080p | 720p | 480p
File size… 1.29GB | 602MB | 303MB
Format… mp4
Duration…. 1h 38min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. W
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Release Date
11 March 2012
Rated
/r
Runtime
1h 38min
Awards
9 Wins & 4 Nominations
Popularity
13.853
Status
Released
ID IMDb.com
tt1734433
IMDB Rating
6.6
IMDB votes
9k
ID Themoviedb.org
96599
TMDb Rating
6.698
TMDb votes
184