Channel Myanmar

Echelon Conspiracy (2009)

ActionThriller

IMDB: /10 votes

41305

Report error

442

 

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။

ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။

ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။

ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်။ Action​ Thriller​ ပရိတ်သတ်​တွေ အကြိုက်တွေ့နိုင်တဲ့ဇာတ်ကား​မျိုး​ပါ။

 

File size…(1.9 GB)/(966 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:45:00
Genre…Action, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by wolfemhein



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies