Channel Myanmar

Dungeons & Dragons: The Book of Vile Darkness (2012)

1h 30m ActionAdventureD&D TrilogyFantasy

IMDB: /10 2300 votes

, , , , , , , , , ,

United Kingdom, Bulgaria

287254

Report error

Dungeons & Dragons : The Book of Vile Darkness (2012)

Dungeons & Dragons ဟာ ၁၉၇၄ကတည်းက နာမည်ကြီးခဲ့တဲ့ လူသိများတဲ့ ဂိမ်းတစ်ခုပါပဲ။ ဘုတ်ဂိမ်းအနေနဲ့ စထွက်ရှိခဲ့ပြီး အခုထိလည်း ဗားရှင်းအသစ်အသစ်တွေပြန်ထွက်နေတုန်း လူကြိုက်များနေတုန်း Role-playing ဂိမ်းဆိုလည်းမမှားပါဘူး။ သူ့ကို အခြေခံပြီး ဂိမ်းပေါင်းများစွာထွက်ရှိခဲ့သလို သူ့နာမည်နဲ့ထွက်ရှိခဲ့တာတွေလည်း အခုထက်ထိ မနည်းမနောပါပဲ။ တော်တော်လေး အောင်မြင်ခဲ့တဲ့ဂိမ်းလို့ပြောလို့ရပါတယ်။

442

Dungeons & Dragons ဂိမ်းကို အခြေခံပြီး ၂၀၀၀မှာတစ်ကား၊ ၂၀၀၅မှာတစ်ကား၊ ၂၀၁၂မှာတစ်ကား ၃ကားထွက်ရှိခဲ့ပြီး ဒီသုံးကားကို Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ၂၀၂၃မှာတော့ နာမည်ကြီးမင်းသားတွေနဲ့အတူ ပါရာမောင့်က Reboot ပြန်ပြသွားမှာပါ။ ဂိမ်းဟာ ဂန္ထဝင်ဖြစ်ခဲ့ပေမဲ့ ရုပ်ရှင်တွေကတော့ ဂန္ထဝင်ဖြစ်ဖို့နဲ့ တော်တော်ဝေးသေးတဲ့ ရုပ်ရှင်တွေပါပဲ။ ဒါပေမဲ့လည်း နဂါးတွေ မှော်ဆရာတွေ သူရဲကောင်းတွေပါတဲ့ Fantasy Adventure ကားတွေကို ကြိုက်တဲ့သူတွေအတွက် အာသာပြေစေမယ့်ကား‌တွေလို့ပြောလို့ရတာတော့ မမှားပါဘူး။

~ ဇာတ်လမ်းအကျဉ်း ~

ဒီတတိယကားကတော့ ပထမကားနဲ့ရော ဒုတိယကားနဲ့ရော မအပ်စပ်တော့ပါဘူး။ ခေတ်တစ်ခေတ်မှာ ဆိုးယုတ်တဲ့‌ မှော်ဆရာတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။ ဒီဘဲက ဘယ်လောက်ယုတ်သလဲဆို သူကလူဆိုတော့ လူ့သက်တမ်းတစ်လျှောက်လေးပဲ ယုတ်ရမှာ နည်းလိုက်တာဆိုပြီး သံသရာအဆက်ဆက်ယုတ်ဖို့ ကြံစည်ပါတယ်။ နတ်ဆိုးကို ဝိညာဉ်ရောင်းပြီး သူ့ခန္ဓာကိုယ်ကို ယုတ်ညံ့မှုအပေါင်းကို ခေါ်ဆောင်လာမယ့် စာအုပ်အဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီစာအုပ်ကိုကြည့်မိတဲ့လူတိုင်း မကောင်းဆိုးရွားဖြစ်ကုန်ပါမယ်။ ကြာလာရင်တစ်လောကလုံး မကောင်းဆိုးရွားဖြစ်ပြီး လောကကြီးပျက်မယ့် မဟာအိုင်ဒီယာကြီးပေါ့။ ဒါပေမဲ့ အလင်းနတ်ဘုရား ပါလာရဲ့ ကျေးကျွန်တွေဖြစ်တဲ့ နယူးဆန်းသူရဲကောင်းတွေက သူတို့ကိုတားဆီးပြီး လောကကြီးကိုကယ်တင်လိုက်ပါတယ်။ စာအုပ်ကိုဖျက်ဆီးပစ်လိုက်ပါတယ်။ အကုန်တော့မပျက်ဘဲ ကျန်နေတဲ့အစိတ်အပိုင်းတွေကို နောက်မျိုးဆက်ရဲ့လူယုတ်တွေက ပြန်အသက်သွင်းဖို့ကြံပါတယ်။ ဒီအချိန်မှာ ဒါကိုတားမယ့် သူရဲကောင်းတွေက ဘာအစွမ်းမှမရှိတော့ပါဘူး။ နှစ်ရှစ်ရာလုံး အားယားနေခဲ့လို့ စွမ်းအားလက်မဲ့ဖြစ်ကုန်ကြပါပြီ။ တစ်နေ့သူရဲကောင်းသစ်ဝင်တဲ့အခမ်းအနားလုပ်နေတုန်း သူတို့ကို အကုန်သတ်သွားပြီး သူရဲကောင်းတစ်ယောက်သာကျန်ပါတယ်။ သူ့အဖေက‌တော့ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ သူရဲကောင်းဟာ သူ့အဖေကိုဖမ်းထားတဲ့နေရာကို သိရအောင် လူဆိုးတွေနဲ့ပေါင်းပြီး နဂါးတွေဘာတွေသတ်ပြီး လူဆိုးတွေနဲ့ စွန့်စားခန်းထွက်ပါတယ်။ စာအုပ်ပြန်ပေါ်လာမှာကို သူရဲကောင်း ဘယ်လိုတားမလဲတော့ သူတို့ရဲ့စွန့်စားခန်းကြီးမှာ ကျွန်တော်တို့မြင်ကြရမှာပါ။

(ဒီဇာတ်ကားတွေနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.75GB, 815MB
Quality – 1080p, 720p
Format – mp4
Duration – 1H 30Min
Genre – Action, Adventure, Fantasy
Subtitle – Myanmar Subtitle (Hardsub)
Translated by “___
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies