Exit print mode Print Data A+ A- Undo all

Drishyam 2 (2021)

The Resumption
Drishyam 2 (2021)Drishyam 2 (2021)

Synopsis:

Drishyam 2 (2021)
မြန်မာစာတန်းထိုး

မနေ့က ထွက်ရှိလာတဲ့ မာလာယာလမ်းစကားပြော အိန္ဒိယတောင်ပိုင်းရုပ်ရှင်တစ်ခုကို
တင်ဆက်ပေးလိုက်ပါရစေ…။
ဒီဇာတ်ကားဟာ ၂၀၁၃ ခုနှစ်က ထွက်ခဲ့တဲ့ Drishyam မူရင်းဇာတ်ကားရဲ့ အဆက်ဖြစ်ပြီး ၊
ပထမကားဟာ Kannada, Tekugu,Tamil,Hindi,Simhalese,Chinese စတဲ့ ဘာသာစကားပေါင်းများစွာနဲ့
Remake များစွာရိုက်ကူးခဲ့ရတဲ့အထိ အောင်မြင်ခဲ့ပြီး ၊ သူတို့ရဲ့ ကာရယ်လာပြည်နယ်ကပေးအပ်တဲ့
Best FIlm Award တွေပါ ရရှိခဲ့တဲ့အပြင် ၊ ၄၅ကြိမ်မြောက်ကျင်းပတဲ့ နိုင်ငံတကာအိန္ဒိယရုပ်ရှင်ပွဲတော်မှာလည်း
ပြသခဲ့ရပါသေးတယ်။
မြန်မာပြည်မှာတော့ Ajay Devgn ပြန်လည်ရိုက်ကူးထားတဲ့ Drishyam (2015) ရုပ်ရှင်ကို
လူတွေ ပိုသိကြပါတယ်။
အထူးပြောလိုတာကတော့ Ajay Devgn ရဲ့ဇာတ်ကားကို ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ၊
ဒီဇာတ်ကားရဲ့ မူရင်းဇာတ်ကားကိုပဲ ကြည့်ဖူးတဲ့သူဖြစ်ဖြစ် ယခုထွက်လာတဲ့
Drishyam 2 ရုပ်ရှင်ကို နားလည်မှာပါ။
(ဘယ်ဇာတ်ကားကိုမှ မကြည့်ဖူးရင်တော့
ပထမထွက်တဲ့ဇာတ်ကားကို အရင်ကြည့်ဖို့ တိုက်တွန်းပါရစေ)

442

ဇာတ်လမ်းအကျဉ်းကို နည်းနည်းပြောပြပါရစေ…။

ပထမရုပ်ရှင်မှာပြသွားခဲ့တဲ့ ဇာတ်သိမ်းပိုင်းကနေ ဒီဇာတ်လမ်းကို အစပြန်ကောက်ထားတဲ့အတွက်
ဒီရုပ်ရှင်မှာတော့ ဂျော့ဂျူတီ(GeorgeKutty) ဟာ ၊ ဗာရွန်းအမှုပြီးတဲ့နောက်မှာ
ကေဘယ်တီဗီလုပ်ငန်းအပြင် ရုပ်ရှင်ရုံတစ်ခုပါ တည်ထောင်လိုက်ပြီး ၊
ရုပ်ရှင်လောကကို ဝင်ဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
အရင်လို အလုပ်မှာပဲ စိတ်နှစ်မထားဘဲ မိသားစုကို အနီးကပ်စောင့်ရှောက်ရင်း
လိုအပ်နေတဲ့ နွေးထွေးမှုတွေပေးနေရင်း ဘ၀ကို အေးအေးဆေးဆေး ဖြတ်သန်းနေပါပြီ။

ဗာရွန်းအမှုမှာ လက်သည်မပေါ်တဲ့အတွက် ၊ တရားခံဟာ သူတို့မိသားစုဖြစ်ကြောင်းသိပေမယ့်
တရားဥပဒေရဲ့ ဟာကွက်တွေကြောင့် လူတိုင်းက အပြစ်မရှိကြောင်း လက်ခံပြီး ၊
ဒီအမှုကိုလိုက်တဲ့ ရဲဌာနဟာလည်း လူပုံအလယ်မှာ ပြက်ရယ်ပြုစရာ ဖြစ်နေခဲ့ပါတယ်။
ပထမရုပ်ရှင်ထဲမှာ ဒီအမှုကိုဦးစီးကိုင်တွယ်ခဲ့တဲ့ အရာရှိတွေဖြစ်တဲ့
ဗာရွန်းရဲ့မိခင် ဂီသာပရာဘာကားဟာ အလုပ်ကနေ အငြိမ်းစားယူလိုက်ရပြီး ၊
အရာရှိဆဟာဒေဝမ်ဟာလည်း နယ်ပြောင်းခံလိုက်ရပါတယ်။

အရာရာပြောင်းလဲသွားခဲ့ပေမယ့်
ကာယကံရှင်မိသားစုနှစ်ခုကတော့ ဒီအတိတ်ဆိုးကြီးရဲ့ ခြောက်လှန့်မှုကို
ခံနေရဆဲပါပဲ ။ ဗာရွန်းရဲ့မိဘနှစ်ပါးအနေနဲ့သားပျောက်သွားတဲ့အတွက်
နိစ္စဓူ၀သောကရောက်နေခဲ့ရသလို ၊ ဂျော့ဂျူတီမိသားစုဟာလည်း ဘယ်အချိန်မှာ ရဲလာဖမ်းမလဲဆိုတာကို
ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတယ်။

ဒီလိုနဲ့ ဒီအမှုဖြစ်ပြီးတဲ့ ၆နှစ်အကြာမှာတော့
သူတို့မြို့ကို အရာရှိအသစ်တစ်ယောက် ရောက်ရှိလာပြီး
ဂျော့ဂျူတီနဲ့ သူ့မိသားစုရဲ့ ပတ်ဝန်းကျင်မှာ
အသွင်ယူထားတဲ့ ရဲအရာရှိတွေကို တာဝန်ပေးပြီး တိတ်တဆိတ်စုံစမ်းပါတော့တယ်။
ဒီအချိန်မှာပဲ ဗာရွန်းသေပြီးနောက်ပိုင်းမှာ အမေရိကားကို ထွက်သွားခဲ့တဲ့
ဗာရွန်းရဲ့မိဘတွေ ဒီမြို့ကို အလည်တစ်ခေါက်ပြန်ရောက်လာတဲ့အခါမှာတော့…..။

ဇာတ်လမ်းကို အများကြီးကောက်နှုတ်မပြတာဟာ
ဒီဇာတ်လမ်းရဲ့အရသာကို ပေါ့သွားစေမှာစိုးလို့ ဖြစ်ပြီး ၊
တရားခွင်မှာသုံးနှုန်းတဲ့ စကားလုံးတွေရဲ့ အဓိပ္ပာယ်တွေ လွဲမှားခဲ့သည်ရှိသော်
ကျွန်တော်တို့ ဘာသာပြန်သူတွေရဲ့ ညံ့ဖျင်းမှုသာ ဖြစ်လို့
သည်းခံနားလည်ပေးစေလိုပါကြောင်း…။

File size… 2.7GB and 885MB
Quality….WEB-DL 1080p 5.1CH and 720p
Format…mp4
Duration…. 2hr 32min
Subtitle….Myanmar Subtitle (Hardsub)
Translator ….. Myint Thu & Nyi Nyi Koe
Encoder ….. August

 

https://megaup.net/16exl/Drishyam_[2015]_(MM_Sub)_(2).mp4 https://megaup.net/16exw/Drishyam.2.2021.1080p.WEB-DL.5.1.mp4



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jeethu Joseph
Release Date
19 February 2021
Runtime
2hr 32min
Country
India
Popularity
36.754
Status
Released
ID IMDb.com
tt12361178
IMDB Rating
8.9
IMDB votes
4872
ID Themoviedb.org
706872
TMDb Rating
7.9
TMDb votes
7