Dreamkatcher (2020)
Let the nightmare begin.

Synopsis:
Dreamkatcher 2020 မြန်မာစာတန်းထိုး
=========================
-အိပ်မက်ဖမ်းအဆောင်တွေအကြောင်း စိတ်ဝင်စားသူတွေ ဒီရုပ်ရှင်ကားကို
သဘောကျလိမ့်မယ်ထင်ပါတယ်။ Dreamcatcher သို့မဟုတ်
Dream capture တွေကို အမေရိကန်မှာပထမဆုံးရှိခဲ့တဲ့လူမျိုးစုတွေက
ကလေးပုခက်တွေပေါ်မှာ အကာအကွယ်သဘောနဲ့ပြုလုပ်ခဲ့ကြပါတယ်။
အိပ်မက်တွေဟာ အပြင်ဘက်ကနေရောက်လာကြပြီး
မကောင်းတဲ့အိပ်မက်ဆိုးတွေဟာ ဒရင်းကက်ချာရဲ့ကွန်ရက်မှာငြိတွယ်ပြီး
မနက်မိုးလင်းတော့ နေရောင်ထဲမှာပျောက်ကွယ်သွားကြလိမ့်မယ်တဲ့။
သူတို့သုံးခဲ့တဲ့အမွှေးတွေကို မြင်းလိုအကောင်တွေဆီက ယူတယ်။
အသေကရလား အရှင်ကရလား မသိနိုင်တဲ့ဒရင်းကက်ချာတွေဟာ
တိရစ္ဆန်တွေရဲ့ဝိညာဥ်ကိုပဲ အကာကွယ်အနေနဲ့ယူတာလား သူတို့ပဲသိနိုင်မယ်ထင်ပါတယ်။
နောက်ပြီး အဆောင်မှာသင်္ကေတတွေက အရေးကြီးပါတယ်။
ငါးထောင့်ကြယ်ကို အတည့်ဆွဲရင် မကောင်းတဲ့အရာတွေကို
ကာကွယ်တဲ့ကောင်းတဲ့ပစ္စည်းဖြစ်ပြီး စောင်းပြီးဆွဲမိရင်တော့
နတ်ဆိုးသင်္ကေတဖြစ်သွားသလိုမျိုး အိပ်မက်ဖမ်းအဆောင်တွေပေါ်က ကွန်ရက်တွေဟာလည်
း လုပ်ထားတဲ့ကွန်ရက်က အချိုးညီ၊ မညီပေါ်မူတည်ပြီး
အကောင်းအဆိုးခွဲခြားနိုင်ပါတယ်။ဒီရုပ်ရှင်ထဲက အဆောင်ကို အပြင်မှာလည်းမြင်ဖူးကြမယ်ထင်ပါတယ်
ဇာတ်လမ်းအကျဥ်းလေးကတော့-
အိပ်မက်ဆိုးတွေမက်တဲ့ကလေးတစ်ယောက်ဟာ
သူ့အိပ်မက်ဆိုးတွေ ရပ်ပစ်ဖို့”သူ့ပုံကြည့်ရတာ တစ်ခုခုပဲ” လို့ဆိုရလောက်တဲ့
ဘေးအိမ်က အဘွားကြီးဆီကနေ ဒရင်းကက်ချာခိုးခဲ့ပါတယ်
ဇာတ်လမ်းကပုံမှန်ကြည့်နေကြ Horror ရုပ်ရှင်တွေလိုမအီပဲ
(တစ်နာရီ ၂၅မိနစ်ပဲ ကြာလို့လည်းဖြစ်နိုင်ပါတယ်)ရေကန်ကြီးရယ်၊
Country road လို့ခေါ်နိုင်တဲ့လမ်းတွေ၊ တောင်ပေါ်က လျှောက်လမ်းလေးတွေ၊
စပါးကျီတွေက ကြည့်နေရင်း ဘယ်လိုပြီးသွားမှန်းတောင်မသိနိုင်အောင်
ကြည့်သူကိုဖမ်းစားနိုင်ပါတယ်။ဇာတ်လမ်းအကူးအပြောင်းက
အကောင်းဆုံးဆိုတဲ့Horror တွေလောက် အရမ်းကြီးမထူးခြားပေမယ့်
အရမ်းလည်းမရိုးရှင်းပါဘူး။ အဆောင်တွေကို စိတ်ဝင်တစားရှိတဲ့လူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ်
Translated by DoDo
Encoded by YK
Quality : 1080p WEBRip and 720p
File Size : 915MB and 398MB
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။