Exit print mode Print Data A+ A- Undo all

Dreaming Walls: Inside the Chelsea Hotel (2022)

A legendary New York Hotel seen through the eyes of those who never left.
Dreaming Walls: Inside the Chelsea Hotel (2022)Dreaming Walls: Inside the Chelsea Hotel (2022)

Synopsis:

Dreaming Walls: Inside the Chelsea Hotel (2022)

~ IMDb – 6.1/10, Rotten Tomatoes – 70% ~

442

ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။

ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။

နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။

Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။

အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။

ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။

ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။

အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။

ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။

“နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး” လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.5GB, 620MB
Quality – 1080p, 720p
IMDb Rating – 6.1/10
Format – mp4
Duration – 1H 17Min
Genre – Documentary
Subtitle – Myanmar Subtitle (Hardsub)
Translated by Min Thant Bo
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Dreaming Walls
Director
Amélie van Elmbt, Maya Duverdier
Stars
Bettina Grossman, Merle Lister
Release Date
2022
Rated
Unrated
Runtime
1h 17m
Awards
9 nominations
Country
Belgium, France, Netherlands, Sweden, United States
Popularity
1.761
Status
Released
ID IMDb.com
tt14679114
IMDB Rating
6.1
IMDB votes
302
ID Themoviedb.org
916427
TMDb Rating
5
TMDb votes
4