

ဂျိမ်းစ်ဘွန်းမင်းသားကြီး ဒန်နီရယ်ခရိတ်သရုပ်ဆောင်ထားတဲ့ ၂၀၁၁ခုနှစ်ထွက် ပဟေဠိ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၀ယ်လ်အေတန်တန်ဟာ နယူးယောက်မြို့ ပုံနှိပ်တိုက်ရဲ့ အောင်မြင်တဲ့အယ်ဒီတာတစ်ယောက်ပါ။ ၀ယ်လ်တစ်ယောက် သူရေးနေတဲ့စာအုပ်ကို အပြည့်အ၀အာရုံစိုက်နိုင်အောင်နဲ့ ဇနီးဖြစ်သူ လစ်ဘီနဲ့ သမီးနှစ်ယောက်ဖြစ်သူ ထရစ်ရှ်နဲ့ ဒီဒီးတို့အတွက် ပိုပြီးအချိန်ပေးနိုင်ဖို့ရာ အလုပ်ထွက်ခဲ့ပြီး ဖဲဖီးလ်စီရင်စုမှာရှိတဲ့ တောအုပ်အနီးက အိမ်လေးဆီပြန်လာခဲ့ပါတယ်။ ဒါပေမယ့် ၀ယ်လ်ပြန်ရောက်လာပြီး မကြာခင်မှာပဲ ၀ယ်လ်တို့အိမ်နားကို လာစောင့်ကြည့်နေတဲ့သူတစ်ယောက်ရှိနေပြီး အိမ်နီးနားချင်းတွေဟာလည်း အနည်းငယ်ထူးဆန်းနေပါတယ်။ အကြောင်းစုံစုံစမ်းကြည့်တော့မှ ၀ယ်လ်တို့အိမ်မှာ လွန်ခဲ့တဲ့၅နှစ်က လူသတ်မှုတစ်ခုဖြစ်ခဲ့ပြီး မိသားစုတစ်စုလုံးသတ်ခံခဲ့ရတာကို သိရှိလိုက်ရပါတယ်။
ဒီလိုနဲ့ ၀ယ်လ်တစ်ယောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်ကအကြောင်းအရာတွေကို ဆက်လက်စုံစမ်း အဖြေရှာရင်း သူ့မိသားစုကိုကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ စာကြွင်း- စပွိုင်လာပါသွားမှာစိုးလို့ ရီဗျူးကို အရမ်းမညွှန်းထားပါဘူး၊ Plot Twistတွေက အပေါ်ကပြောထားသလို မရိုးရှင်းသလို ဇာတ်ကားကိုကြည့်ပြီးသွားတာတောင် အတွေးပေါင်းစုံနဲ့ ကျန်ခဲ့စေမှာမလို့ ပဟေဠိဆန်ဆန် သည်းထိတ်ရင်ဖိုကားတွေကိုမှကြိုက်တဲ့သူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ ဒီကားက ဇာတ်အိမ်ပိုင်းနဲ့ သရုပ်ဆောင်ပိုင်းကိုအသားပေးထားပါတယ်။ ဒန်နီရယ်ခရိတ်ရဲ့သရုပ်ဆောင်ချက်ဟာ အပြစ်ပြောစရာမရှိအောင်ကောင်းသလို ၅နှစ်နဲ့၇နှစ်အရွယ် သမီးနှစ်ယောက်သရုပ်ဆောင်တာလည်း အတော်ပီပြင်လှပါတယ်။
Quality….Webrip 1080p / 720p
Format…mp4
Duration….01:32:00
Genre…Mystery, Drama, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Steven Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။












![[18+] Stag (2024)](https://www.channelmyanmar.to/wp-content/uploads/2024/04/kAYnwO_4c-142x200.jpg)


![[18+] Road Trip (2000)](https://www.channelmyanmar.to/wp-content/uploads/2017/05/81JMVKSvHvL._SL1410_-142x200.jpg)
![[18+] Salitan (2024)](https://image.tmdb.org/t/p/w185/9lFKYKn7dTA5GDU4x5nfYZE1alv.jpg)



















