Exit print mode Print Data A+ A- Undo all

Dragonfly (2002)

When someone you love dies... are they gone forever?
Dragonfly (2002)Dragonfly (2002)

Synopsis:

Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း
ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။
ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့
အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ
သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့
ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို
ပြန်လာခဲ့ပါတယ်။
တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့
အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ
လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို
ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။
အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ
“အမ်မလီရဲ့ ဂျိုး” လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း
ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး
ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ နှလုံးရပ်သွားပြီးတဲ့နောက်
ဟိုဘက်ခြမ်းမှာ အလင်းရောင်တစ်ခု၊ ဂျိုးရဲ့ ဓာတ်ပုံကိုပြနေတဲ့ အမျိုးသမီးတစ်ယောက်၊
သက်တံ့ရဲ့အဆုံးမှာ ကြက်ခြေခတ်ပုံကို တွေ့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။
ခဏအကြာမှာတော့ နောက်ကလေးတစ်ယောက်ရဲ့ အခန်းမှာလည်း ကြက်ခြေခတ်ပုံတွေ တွေ့ခဲ့ပြီး ဂျိုးကို
ချက်ချင်းမှတ်မိကာ “သက်တံ့ဆီကို သွားရမယ်” လို့လည်း ပြောခဲ့ပါတယ်။
အိမ်မှာလည်းပဲ ဇနီးသည်ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ “ပုစဉ်း”နဲ့ ပတ်သက်ပြီး အရိပ်အယောင်တွေ၊
နိမိတ်တွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အလုပ်မှာရော၊ အိမ်မှာပါ

ဆက်တိုက်ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ဂျိုးအနေနဲ့ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ဒီပြဿနာကို
ဆေးရုံမှာ ကလေးငယ်တွေကို သေရွာပြန်အတွေ့အကြုံတွေအကြောင်း အင်တာဗျူးခဲ့ဖူးသူ
စစ္စတာမက်ဒဲလိုင်းဆီကို အဖြေတစ်ခု ရှာဖွေဖို့ မရမက တွေ့ဆုံခဲ့ပါတယ်။
စစ္စတာမက်ဒဲလိုင်းကတော့ အမ်မလီအနေနဲ့ ဂျိုးကို တခြားဘက်က ဆက်သွယ်ဖို့
ကြိုးစားနေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ဆုံး ဦးနှောက်သေနေတဲ့
လူနာတစ်ယောက်ဆီက သူ့ဇနီးရဲ့ ခေါ်သံကို ကြားရပြီး ဆေးရုံမှာ အုတ်အော်သောင်းတင်း
အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီးချိန်မှာတော့ ဂျိုးအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ မဖြစ်နိုင်တော့ဘဲ
အလောင်းလုံးဝရှာမတွေ့နိုင်တဲ့ သူ့ဇနီးရဲ့မတော်တဆဖြစ်ရပ်ကို အသေးစိတ်စုံစမ်းဖို့ သူ့မိန်းမ
သေဆုံးခဲ့ရာ တောင်အမေရိကနယ်မြေကို ခရီးဆက်ခဲ့ပါတယ်။
မသိခြင်းများစွာကနေတစ်ဆင့် ပဟေဠိတစ်ခုကို အဖြေညှိရှာဖွေနိုင်မလားဆိုတာကို
လျှို့ဝှက်ဆန်းကြယ်ကြိုက် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။

442

 

 

File size…    2.2  GB /  809 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 44m
Genre ….. Drama
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by Sai Sumali



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $60 000 000,00
Revenue
USD $52 322 400,00
Popularity
18.726
Status
Released
ID IMDb.com
tt0259288
IMDB Rating
6.1
ID Themoviedb.org
10052
TMDb Rating
6.544
TMDb votes
815