Dragon Nest: Warriors’ Dawn


Synopsis:
တစ်ခါတုန်းက ကမ္ဘာပေါ်မှာ အယ်လ်တီရာဆိုတဲ့နယ်မြေကြီးတစ်ခုရှိခဲ့တယ်….
လူသား.. နတ်သူငယ်.. မိစ္ဆာသားရိုင်းကောင်နဲ့ နဂါးတွေကို ပိုင်းခြားပေးထားတဲ့ နယ်မြေတစ်ခုပေါ့…
လူသားနဲ့နတ်သူငယ်တွေပေါင်းပြီး မိစ္ဆာကောင်တွေနဲ့နဂါးတွေကို တိုက်ထုတ်ခဲ့ကြပေမယ့်
သူတို့အချင်းချင်းလည်း နယ်မြေလုရင်း တိုက်ပွဲဖြစ်ခဲ့ကြတယ်….
ဒီလို ဖရိုဖရဲဖြစ်နေတဲ့အချိန်မှာ သူတို့အတွက် ဘုံရန်သူကြီး ပေါ်ပေါက်လာတော့တယ်…
မကောင်းဆိုးရွားစွမ်းအင်တွေအပြည့်နဲ့ အနက်ရောင်နဂါးကြီးတစ်ကောင်ပေါ့…
အဲ့ဒီအတွက် လူသားန့နတ်သူငယ်တွေ မဟာမိတ်ဖွဲ့ပြီး
လူသား နတ်သူငယ် မှော်ဆရာ(စုန်း) တို့တွေပါဝင်တဲ့ စစ်သည်တော်တစ်ဖွဲ့ပေါ်ပေါက်လာတဲ့အခါမှာတော့ …..
သူတို့တွေ နဂါးကြီးကို နှိမ်နင်းနိုင်ကြမလား ?
ဘာတွေဆက်ဖြစ်လာကြမလဲ ?
ဆိုတာတွေကိုတော့ ဟောဒီကာတွန်းရုပ်ရှင်လေးထဲမှာ ခံစားကြည့်ရှုကြပါကုန် ….
ဒီရုပ်ရှင်လေးဟာ တရုတ်ပြည်ရဲ့ အားပေးသူအများအပြားရရှိထားတဲ့ ကာတွန်းရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်…
အထူးသဖြင့် ချစ်စရာကောင်းတဲ့ ဇာတ်ကောင်လေးတွေက ပရိတ်သတ်ကို အဓိက ဆွဲဆောင်သွားနိုင်ခဲ့တာပါ…
Special အနေနဲ့ဆို နတ်သူငယ်မလေး လီယာ(ကြာပန်းလေး) ကတော့ ပရိတ်သတ်အချစ်တော်လေးပေါ့ဗျာ…
ကဲ တကယ်ကောင်းမကောင်းကို ကြည့်ရှုခံစားကြည့်လိုကိကြပါဦး
ဒီဇာတ်ကားလေးကို ကြည့်ပြီးသူတွေရှိပေမယ့် မကြာခင်မှာ ဒီကားရဲ့အဆက် Dragon Nest : Throne Of Elves ဆိုတဲ့ကား ထပ်ထွက်လာတော့မှာဖြစ်လို့ အစပျိုးတဲ့အနေနဲ့တင်ဆက်ပေးလိုက်တာပါ
(စာတန်းထိုးပြီးတဲ့အထိကြည့်လိုက်ပါဦး ခွေးလေးတွေကို နာမည်အသစ်ပေးတဲ့အခန်းပါပါတယ်)
ဒီဇာတ်ကားရဲ့ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ ရဲကျော်ထက် ဖြစ်ပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။