Exit print mode Print Data A+ A- Undo all

Dragon Knight (2022)

Dragon Knight (2022)Dragon Knight (2022)

Synopsis:

Dragon Knight (2022)

 

442

King Arthur, Merlin တို့လို အ​နောက်တိုင်းပ​ဒေသရာဇ်​ခေတ် မြင်းစီးစစ်သူရဲ​တွေရဲ့ စွန့်စားခန်း​တွေ၊ Dragon​နဲ့ပတ်သက်တဲ့ စွန့်စားခန်း​တွေဟာဆိုရင် ဘယ်​ခေတ်၊ ဘယ်အချိန်​မှာမှ ရိုးအီသွားမှာမဟုတ်တဲ့ ဇာတ်​လမ်းတွေပဲ ဖြစ်ပါတယ်။ အခုလည်း၂၀၂၂ထုတ် Fantasy Adventure ဇာတ်လမ်းအသစ်​​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်​ပေါင်း၂၀၀ခန့်က အဒ်ဘန်ဒန်ဆိုတဲ့ မိစ္ဆာတစ်​ကောင်က လူ့​လောကကို အ​မှောင်တိုက်သွင်းဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒီမ​​ကောင်းဆိုးဝါးကို​ချေမှုန်းဖို့ ငါးပြည်​​​ထောင်​သော မဟာမိတ်​တွေ၊ နဂါး​တွေနဲ့ နဂါးစစ်သည်​​​​​​တော်တွေပါ စုစည်းတိုက်ခိုက်ခဲ့​ပေမယ့် အဒ်ဘန်ဒန်နဲ့ သူ့စစ်တပ်အစွမ်းကို မယှဉ်နိုင်တာ​ကြောင့် နဂါး​တွေလည်း​​သေ၊ နဂါးစစ်သည်​တော်အဖွဲ့လည်း မရှိ​တော့ဘဲ တိုင်းပြည်အားလုံး အဒ်ဘန်ဒန်ကို သစ္စာခံလိုက်ရပါတယ်။

ဘ​ရေဒန်ဆိုတာက​တော့ ​ပြိုကွဲသွားတဲ့နဂါးစစ်သည်​တော်အဖွဲ့ရဲ့ ​​နောက်ဆုံးကျန်ရစ်သူပါ၊ သူဟာ ဖခင်ဖြစ်သူရဲ့ စိတ်ဓါတ်ကို အ​မွေဆက်ခံရင်း အဒ်ဘန်ဒန်ကို ​​ချေမှုန်းဖို့ အမြဲကြိုးပမ်း​နေသူ​ပေါ့။ သူ့ရဲ့အကြံက လွန်ခဲ့တဲ့ နှစ်၂၀၀တည်းက ​ပျောက်ဆုံးသွားတဲ့ နဂါး​တွေကို လိုက်ရှာရင်း နဂါး​တွေ အကူအညီနဲ့ အဒ်ဘန်ဒန်ကို အနိုင်ယူပစ်ဖို့ပါ၊ သူ့ရဲ့နဂါးရှာပုံ​တော်အတွင်း မိတ်​ဆွေသစ် ​​တွေရလာပြီး တူတူစွန့်စားခန်းဖွင့်ပါ​တော့တယ်၊ သူတို့လိုက်ရှာ​နေတဲ့ နဂါးကို ရှာ​တွေ့မှာလား၊ အဒ်ဘန်ဒန်တို့ကို သူတို့အနိုင်ယူနိုင်မှာလားဆိုတာ ​ပေါ့​ပေါ့ပါးပါးကြည့်ရှုရမှာပါ။

 

(ဇာတ်ကားနဲ့အညွှန်းကို DK မှ ပြန်ဆိုရေးသားထားပါတယ်)

Size – 1.3GB, 600MB
Quality – 1080p, 720p
Format – mp4
Duration – 1H 38Min
Genre – Fantasy
Subtitle – Myanmar Subtitle (Hardsub)
Translated by DK
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Lawrie Brewster
Stars
Megan Tremethick, Michael Daviot, Regan Walker, Ryan Livingstone
Release Date
2022
Rated
Unrated
Runtime
1h 38min
Country
United Kingdom
Popularity
22.722
Status
Released
ID IMDb.com
tt13117446
IMDB Rating
5.8
IMDB votes
378
ID Themoviedb.org
919355