\
\
Dr. Wai in the Scripture with No Words ( 1996 )
ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။
ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ကျိန်စာတွေနဲ့ သေတ္တာကြီးကို ရှာတဲ့အကြောင်း ဖွင့်မိပြီးကျိန်စာသင့်သွားတဲ့ လူဆိုးကို ရင်ဆိုင်ရတဲ့အကြောင်းတွေပါ။ ဟာတွေလည်း နှောထားလို့ ရယ်လည်းရယ်ရသလို ဂျက်လီရဲ့အက်ရှင်ခန်းအလန်းတွေကိုလည်း မြင်ရမှာပါ။ ငယ်ဘဝကို ပြန်လွမ်းလို့ကောင်းမယ့် ရုပ်ရှင်အဟောင်းလေးပါပဲ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )
File Size__(1.5GB) / (500MB)
Quality__BluRay_1080p, 360p
IMDb Rating__5.7/10
Format__mp4
Duration__01:37:00
Type__Action, Adventure, Comedy
Subtitle__Myanmar Subtitle (Hardsub)
Translated by W
Encoded by Naing Aung Latt
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။