Channel Myanmar

Dounia et la princesse d’Alep (2023)

AnimationFamily

6.8
IMDB: 6.8/10 votes

23595

Report error

442

 

ကိုယ့်​မွေးရပ်​မြေမှာ ​နေထိုင်ဖို့ရာ မဖြစ်နိုင်​တော့လို့ နိုင်ငံကို အပြီးတိုင်စွန့်ခွာကြရတာ ဝမ်းနည်းစရာ​ကောင်းလွန်းပါတယ်။ ဆီးရီယား နိုင်ငံ ပရိပက္ခ​တွေကြား ​မွေးဖွားလာတဲ့ Dounia ​​​​လေးဟာ တ​​နေ့မှာ​တော့ လှပလွန်းတဲ့ သူမရဲ့ ​မွေးရပ်​မြေ Aleppoမြို့ ကို စွန့်ခွာဖို့ဖြစ်လာပါ​တော့တယ်။

ကံ​ကောင်း​စေတဲ့ Barake စေ့​လေး​တွေကို လက်ထဲဆုပ်လို့၊ ကမ်းမမြင် လမ်းမမြင် ခရီးကြမ်းကို သူတို့ ​မြေးအဖွားတစ်စု ​လျှောက်ရပါ​တော့မယ်။ Dounia ​လေး အိမ်အသစ်ကိုရှာ​တွေ့ပါ့မလား။ တခြား​သော Dounia ​လေး​လို က​လေး​လေးတွေ​ရော ဘယ်နှ​ယောက်​တောင်ရှိ​နေဦးမလဲ။

Syriaနိုင်ငံ Aleppoမြို့ဇာတိဖြစ်တဲ့ ဇာတ်လမ်းဖန်တီးသူ Marya Zarif အတွက် Dounia et la princesse d’Alep ဟာ သူမရဲ့ ဘဝတစိတ်တပိုင်းဆိုလည်း မမှားပါဘူး။ ဆီးရီးယန်း ရိုးရာ ယုံတမ်းပုံပြင်​တွေ၊ ရိုးရာ အစားအ​သောက်​​တွေ၊ ယဥ်​ကျေးမှု​တွေ၊ ယုံကြည်သက်ဝင်မှု​တွေကို ချစ်စဖွယ် ပုံ​ဖော်ဆွဲသားမှုများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် မြင်​တွေ့ရမှာပါ။

နက်ရှိုင်းတဲ့ မိသားစုချစ်ခြင်း​မေတ္တာ​တွေ၊ ချစ်​သောသူများ၊ ​နေရပ်ဌာ​နေနှင့် ခွဲခွာရခြင်း ပဋိ​ဒေဝ​၊ ​ရွှေ့​​ပြောင်းဒုက္ခသည်​တွေရဲ့ ​ဝေဒနာ​တွေကို လှပ​သေသပ်စွာ ဖန်တီးပုံ​ဖော်ထားတဲ့ ပြင်သစ်စကား​ပြော animated ရုပ်ရှင်တကားပဲဖြစ်ပါတယ်။

 

File size…(1 GB)/(520 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:12:00
Genre… Animation, Family
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Summer Lin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies