Don’t Look Away (2023)
It doesn't breathe. It doesn't move. It just kills.

Synopsis:
တစ်မူထူးခြားတဲ့ horror ဇာတ်ကားတစ်ကားဖြစ်ပြီး သရဲလား ဝိဉာဉ်လား ကျိန်စာလား နတ်ဆိုးလားဆိုတောင်သိပ်မသဲကွဲပါဘူး…..
ဖက်ရှင်ဆိုင်တွေမှာထောင်ထားတတ်တဲ့ မော်ဒယ်ရုပ်/လူရုပ် က ကျောချမ်းစရာအပြုံးကြီးနဲ့ လူလိုက်သတ်နေတာကိုကြည့်ရှုရမှာပါ
ဇာတ်လမ်းအကျဉ်းကတော့…..
ကောင်မလေးတစ်ယောက်ဟာ မတော်တဆမှုတစ်ခုဖြစ်ရာကနေ လူရုပ်ကြီးတစ်ရုပ်ကိုရုတ်တရက်တွေ့လိုက်ရပြီး အရုပ်ကနောက်ကိုလိုက်လာနေခဲ့တာကိုသိပေမဲ့ ဘယ်သူမှသူပြောတာကိုမယုံကြပါဘူး…………
ဒါပေမဲ့ သူ့သူငယ်ချင်းတွေအားလုံးလည်း တွေ့သွားကြတဲ့အခါမှာတော့ တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်အသတ်ခံနေရပါတော့တယ် ဒီလူရုပ်ကြီးက ဘာကိုလိုချင်နေတာလဲ ဝိဉာဉ်ပူးနေလို့လား နတ်ဆိုးများလား ကျိန်စာကြောင့်ဖြစ်တာလားဆိုတာကိုလည်းဘယ်သူမှရေရေရာရာမသိကြပါဘူး….
သူတို့သူငယ်ချင်းတစုသား ဒီကျောချမ်းစရာ လူရုပ်ကြီးကိုတားဆီးလို့ရနိုင်ပါ့မလား သူ့လက်ထဲကနေရော ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ် သွေးသံရဲရဲနဲ့ခြောက်ခြားစရာအခန်းတွေသိပ်မပါပေမဲ့ အရုပ်ကြီးရဲ့ကျောချမ်းစရာအပြုံးကြီးက ကြက်သီးထစေပြီး The boy ရဲ့ cheaper version လိုခံစားရစေမှာပါ
File size…(985 MB)/(470 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:23:00
Genre… Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Khunn
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။