Exit print mode Print Data A+ A- Undo all

Dog Days (2024)

What you haven't seen, dogs are dope in this film.
Dog Days (2024)Dog Days (2024)

Synopsis:

Dog Days (2024)
****************
အမေရိကန် ဇာတ်လမ်းတွဲဖြစ်တဲ့ Dog Days ကို Remake ပြန်ရိုက်ထားတာဖြစ်ပြီး

လက်မှတ်ပေါင်း ၃ သိန်းကျော်ရောင်းရတဲ့အထိ ကြည့်ရှုမှုနှုန်းမြင့်တဲ့ ဒီကားလေးမှာတော့

442

ကမ္ဘာကျော် ဗိသုကာပညာရှင် ဂျိုမင်ဆောအဖြစ် Oscar ဆုရှင်မင်းသမီးကြီး Youn Yuh-Jung

အဆောက်အဦပိုင်ရှင် ဂိုမင်ဆန်းအဖြစ် Ehxuma ထဲမှ Yu Hae-Jin

တိကုဆေးရုံအုပ် ဂျင်ယောင်းအဖြစ် Pale Moon ဇာတ်လမ်းတွဲထဲမှ Kim Seo-Jung

Money Heist ဇာတ်လမ်းတွဲထဲမှ မင်းသားချော Lee Hyun-Woo , Kim Yunjin , Jung Sung-Hwa ,Daniel Henney စတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများအပြင်

ချစ်စရာကောင်းတဲ့ ကလေးမလေး Yoon Chae-Na တို့ အဓိကပါဝင်ထားပြီး ဧည်သည်သရုပ်ဆောင်အဖြစ် Kim Go-Eun မှ ပါဝင်အားဖြည့်ပေးထားပြီး

အာဝုလေးတွေကနေ တစ်ဆင့် တွေ့ဆုံဖို့ဖြစ်လာကြတဲ့ လူတွေအချင်းချင်း နှစ်သိမ့်ပေးကြပြီးတော့

ခံစားချက်တွေ ဝေမျှကြတာကို ကြည်နူးဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။

ဇာတ်လမ်းအညွှန်း…..

ဂိုမင်ဆန်းဆိုတဲ့ သူဟာ ဇီဇာကြောင်တဲ့ အဆောက်အဦပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ခွေး မချစ်တတ်တာကြောင့်

သူ့အဆောက်အဦမှာအငှားဖွင့်ထားတဲ့ တိကုဆေးရုံက ဆေးရုံအုပ်နဲ့ အမြဲတမ်း တစောင်းစေးနဲ့မျက်ချေးလို ဖြစ်နေတာပါ ။

တိကုဆေးရုံအုပ် ဂျင်ယောင်းကတော့ ခွေးလေးတွေကို အရမ်းချစ်တတ်ပြီး စွန့်ပစ်ခွေးလေးတွေကို အမြဲဂရုစိုက်ပေးတတ်သူပါ ။

တစ်နေ့မှာတော့ ကုမ္ပဏီရဲ့ အပန်းဖြေစခန်းပရောဂျက်အတွက် အကြံအိုက်နေတဲ့ ဂိုမင်ဆန်းတစ်ယောက် ..

တိကုဆေးခန်းဆီ အိမ်မွေးခွေးလေးဝမ်ဒါနဲ့အတူရောက်လာတဲ့ ဗိသုကာပညာရှင် ဂျိုမင်ဆောကို တွေ့သွားပါတော့တယ် ။

ဒီလိုနဲ့ ဗိသုကာပညာရှင်ဆီက အကြံဉာဏ်လိုချင်တာကြောင့် ရင်းနှီးအောင်လုပ်ဖို့အတွက်

တိကုဆေးရုံအုပ်ဂျင်ယောင်းနဲ့အတူ စွန့်ပစ်ခွေးမွေးစားခြင်းကမ်ပိန်းကို တာဝန်ယူ လုပ်ကိုင်ပေးပါတော့တယ်။

ဂိုမင်ဆန်းရဲ့ ဒီလိုကြိုးစားမှုတွေက အရာထင်လာမလား…

ခွေးကို မချစ်သော်လည်း အောင့်ကာနမ်းပြီး အတင်းအကြပ် ချစ်ချင်ဟန်ဆောင်နေတဲ့ ဂိုမင်ဆန်းတစ်ယောက်
နောက်ဆုံးမှာ ခွေးလေးတွေကို ချစ်နိုင်သွားမလား ….

တိကုဆေးရုံကို ရောက်လာတဲ့တခြားသူတွေမှာရော ဘယ်လိုဇာတ်လမ်းလေးတွေရှိနေမလဲ …..ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာဖြစ်ပါတယ်။

ဒီကားလေးက စကြည့်မိတာနဲ့ အဆုံးအထိ ဆွဲခေါ်သွားနိုင်မဲ့ Healing Genre လေးဖြစ်တာကြောင့်

တစ်နေ့တာအမောတွေ ပြေပျောက်သွားစေရန် အလို့ငှာ Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ် ။

File size…1.63GB / 667MB
Quality… WEB-DL 1080p/ 720p
Format…mp4
Duration….2h 00m
Genre ….. Life, Drama
Subtitle….Myanmar Subtitle (Hard Sub)
Translated by Su Sandi
Encoded by AHtet 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
8.571
Status
Released
ID IMDb.com
tt30911335
IMDB Rating
7.1
IMDB votes
1310
ID Themoviedb.org
876127
TMDb Rating
7.1
TMDb votes
7