Dog Day Afternoon (1975)
Anything can happen during the dog days of summer. On August 22nd, 1972, everything did.

Synopsis:
Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ
ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်
အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်
စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်
တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့
နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့
ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ
ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး
ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့
သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို
ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က
သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ
အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို
ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို
အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့
တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန်
ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို
ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့
တိုက်တွန်းလိုက်ပါတယ်ခင်ဗျား…..
File size…2.21 GB / 1.37GB
Quality…WEB-Rip 1080p / 720p
Format…mp4
Duration….2h 5m
Genre ….. Biography , Crime , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Lin Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။