ပါရီဆင်းရဲသားရပ်ကွက်က ကောင်မလေးတစ်ယောကရဲ့
လောကဓံအနိမ့်တွေ၊ သူငယ်ချင်းကြားက သံယောဇဉ်ကြိုးတွေ၊
မြို့ပြရဲ့ ခက်ထန်မှုတွေကို ဘွင်းဘွင်းကြီး ထင်ဟပ်နေတဲ့ “Divines”။
၁၅ နှစ်သမီး ဒူနီယာဟာ အရွယ်နဲ့မမျှအောင် လူမှုအဆင့်
အတန်းကွာခြားမှုကို မျက်ဝါးထင်ထင် ကြုံတွေ့ခံစားထားရတဲ့
မိန်းကလေးတစ်ယောက်ပါ။ ပိုင်ဆိုင်တာဆိုလို့ ဝိုင်းစက်စက်
မျက်လုံးတွေရယ်၊ လက်ရဲဇက်ရဲနိုင်တဲ့ စရိုက်ရယ်၊ မိုင်မိုနာလို့
ခေါ်တဲ့အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ပဲ ရှိတဲ့ ဒူနီယာဟာ
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ တံတိုင်းတွေ အထပ်ထပ်ချထားပြီး
ရည်မှန်းချက်ကြီးတဲ့ သူလေးတစ်ယောက်။
သူမလို မိန်းကလေးဟာ ရပ်ကွက်ရဲ့ အကျော်ဇေယျ မူးယစ်ဆေးဒိုင်
ရေဗက်ကာရဲ့ လက်အောက်ကို ရောက်သွားတဲ့အချိန်မှာ
သူမစိတ်ကူးမျှော်မှန်းထားတဲ့ အိပ်မက်ကို အကောင်အထည်
ဖော်လာနိုင်တော့မလား? ဒါမှမဟုတ် မတူညီတဲ့ အိပ်မက်
အသစ်တွေများ ရလာမလားဆိုတာကို ဒီပြင်သစ်ကားလေးမှာ
စောင့်မျှော်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
File size…1.77 GB / 858 MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 45m
Genre ….. Crime , Drama
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Esth
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။