Dive(2022)


Synopsis:
Dive(2022)
**********
၂၀၂၂ မှာထွက်ရှိထားတဲ့ Dive ဆိုတဲ့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားက
ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။
ဒီကားထဲမှာတော့နိုင်ငံအဆင့်အမျိုးသမီးဒိုင်ဗင်သမားတွေကြားမှာဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ်ဖြစ်သွားခဲ့တဲ့
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေအကြောင်းကိုပြသထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းချုပ်ကတော့မာရီရယ်ဆိုတဲ့နိုင်ငံ့အဆင့်အမျိုးသမီးဒိုင်ဗင်သမားတစ်ယောက်က
ပြိုင်ပွဲဝင်နေတဲ့အချိန်မှာသူ့ရဲ့တွဲဖက်ကဒဏ်ရာအကြီးအကျယ်ရသွားခဲ့ပါတယ်။
ဖြစ်ချင်တော့ ၂၀၀၄ ခုနှစ်အိုလံပစ်ပြိုင်ပွဲကြီးကလဲနီးလာပြီဖြစ်တော့အကုန်လုံးပျာယာခတ်နေတကြတဲ့အချိန်မှာ
အသက် ၁၄ နှစ်သာရှိသေးတဲ့နာဒီယာဆိုတဲ့ပါရမီရှင်ကောင်မလေးနဲ့ မာရီယယ်ကိုသူတို့ရဲ့နည်းပြနဲ့တွဲပေးခဲ့ပါတယ်။
အဲ့လိုဖြစ်ပြီးသိပ်မကြာခင်မှာပဲကလေးမလေးနာဒီယာရဲ့အမေကသူတို့ရဲ့နည်းပြဟာ
သူ့သမီးကိုလိင်အကြမ်းဖက်တယ်ဆိုပြီးထစွပ်စွဲပါတော့တယ်။မျက်မြင်သက်သေမရှိတဲ့အပြင်သမီးဖြစ်သူ
ကိုယ်တိုင်ကပါအမေကိုဆန့်ကျင်ပြီးပြောနေလို့အဲ့ဒီအမှုကမြန်မြန်ပဲပျောက်ကွယ်သွားပါတော့တယ်။
ဒါပေမယ့်နောက်ပိုင်းမှာတော့မာရီယယ်တစ်ယောက်နည်းပြနဲ့ကောင်မလေးကြားကအပြုအမူတွေ
ဆက်ဆံပုံတွေကိုမသင်္ကာတဲ့အတွက်စုံစမ်းကြည့်တဲ့အခါမှာတော့
ဘာတွေသိလာရမလဲ။ဘယ်သူမှမသိတဲ့မာရီယယ်ကိုယ်တိုင်တောင်မသိတဲ့သူ့ဘဝရဲ့အိပ်မက်ဆိုးကြီးတစ်ခုကလည်း
အဲ့ဒီအချိန်မှာထွက်ပေါ်လာပြီးမာရီယယ်ပါအဲ့ဒီအိပ်မက်ဆိုးထဲကရုန်းထွက်နိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။
File Size : (1.1GB),&(541MB)
Quality : WEB-DL 1080p,720p
Format…mp4
Duration…01:35:00
Genre : Sport, Drama
Subtitle : Myanmar Subtitle (Hard Sub)
Translated by Saw Lay
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။