Channel Myanmar

District 13: Ultimatum (2009)

ActionCrimeThriller

6.5
IMDB: 6.5/10 votes

536536

Report error

442

IMDb Rating(6.5) / Rotten Tomatoes(75%)

၂၀၀၄ ကထွက်ခဲ့တဲ့ District 13 ကားလေးကိုမှတ်မိလောက်ဦးမယ်ထင်ပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားက District 13 ဆိုတဲ့နေရာလေးကိုအခြေခံရိုက်ကူးထားတဲ့ အက်ရှင်ကားကောင်းလေးတစ်ကားပါ။

ပထမကားဟာ IMDb 7.1 ထိရရှိခဲ့သလိုပဲ ဒုတိယကားဟာလည်း IMDb 6.5 ဆိုတော့
ပထမကားလောက်နီးနီးအရသာပေးစွမ်းနိုင်ဆဲကားလေးတစ်ကားဆိုရင်လည်းမမှားပါဘူး။

ဒုတိယမြောက်ကား‌လေးကိုတော့ ၂၀၀၉ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီး
ပထမကားလောက်နီးပါး အောင်မြင်မှုတွေသိမ်းပိုက်ခဲ့တဲ့ ကားကောင်းလေးတစ်ကားပါ။

ဇာတ်လမ်းလေးကိုတော့ ပထမကားရဲ့အဆုံးသတ်က‌နေပဲ ဆက်ထားပါတယ်။
လီတိုတို့ရဲ့ အမဲရောင်နယ်မြေ‌လေးကို အုတ်တံတိုင်းတွေဖြိုဖျက်ပြီး
နယ်မြေကောင်းကောင်း‌‌လေးဖြစ်အောင်လုပ်ပေးမယ်ဆိုတဲ့ကတိကတော့
အစိုးရတွေပြောင်းသွားသော်လည်း လေထဲမှာ‌လွင့်ပျောက်သွားပြီး
လီတိုတို့နယ်မြေလေးဟာ ဆိုးမြဲပေမြဲတေမြဲဆက်လက်ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် တစ်နေ့မှာတော့ လီတိုတို့‌နယ်မြေလေးကို ဖြိုဖျက်ပြီး
အသစ်ကနေစပြီးပြန်လည်တည်ဆောက်ချင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတစ်ခုနဲ့
ကော်မရှင်ခမျိုးမျိုးမြတ်မြတ်လေးလိုချင်တဲ့ နိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကလူကြီးတစ်ယောက်တို့တွေ့ဆုံတဲ့အခါ

ဘယ်လိုနိုင်ငံရေးပဋိပက္ခတွေကို ဖန်တီးမလဲ၊ ဒေမီယမ်နဲ့ရောဘယ်လိုငြိမလဲ၊
လီတိုကရော ဒီကားထဲမှာ ဘာတွေဆက်လုပ်သွားမလဲ
လီတိုတို့နယ်မြေရဲ့ ဂိုဏ်း‌တွေကရော ဘာတွေလုပ်ကြမလဲဆိုတာကို မြိုင်မြိုင်လေးကြည့်ရဦးမယ့် ကားကောင်း‌လေးတစ်ကားပါ။

ပထမကားလောက်နီးနီးကို ကြည့်လို့ရှယ်ကောင်းလှတာမို့ ဒီကားကိုလဲ လက်မလွတ်သင့်ပါဘူး။

 

File size…(1.9 GB) / (1 GB) / (500 MB)
Quality…BluRay 1080p /720p/ 360p
Format…mp4
Duration….01:46:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by San Thu Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies